မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးဆိုင်ရာအသိပညာများတိုးတက်လာစေရေးအတွက် Digital Gamification အားအသုံးပြုခြင်း

ရန်ကုန်၊ မြန်မာ – UNCDF နှင့် Wave Money တို့အကြား သဘောတူညီမှုစာချုပ်အား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၄င်းလက်မှတ်ရေးထိုးခြင်းအခမ်းအနားအား UNDP (the United Nations Development Program) နှင့် DFAT (the Australian Department of Foreign Affairs and Trade) မှ ကိုယ်စားလှယ်တော်များ တက်ရောက်ခဲ့ကြသည်။ ဤပူးပေါင်းရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်သည် UNCDF SHIFT Challenge Fund Second Window ၏ အောင်မြင်သူများထဲမှ တစ်ခုဖြစ်သော Wave Money စီမံကိန်းအား အခြေခံ ထားပါသည်။ UNCDF ၏ Expanding Financial Access (EFA) Myanmar Programme နှင့် DFAT မှ အဓိက ပံ့ပိုးထားသော SHIFT’s Challenge Fund Second Window မှ အခြားငွေကြေး ထောက်ပံ့မှုနှင့်အတူ Wave Money စီမံကိန်းအတွက် အဓိကငွေကြေးထောက်ပံ့မှုအား ပေးအပ် သွားမည်ဖြစ်သည်။

Using Digital Gamification for enhancing Financial Literacy in Myanmar

Yangon, Myanmar – The grant agreement between the United Nations Capital Development Fund (UNCDF) and Digital Money Myanmar (Wave Money) was signed on 9th January 2017, in the presence of representatives from the United Nations Development Program (UNDP) and the Australian Department of Foreign Affairs and Trade (DFAT). This joint investment agreement is based on Wave Money project being one of the winners of the UNCDF SHIFT Challenge Fund Second Window. UNCDF’s Expanding Financial Access (EFA) Myanmar programme will provide the major funding for the Wave Money project, with rest of the funding from SHIFT’s Challenge Fund Second Window primarily funded by DFAT.