WavePay အကောင့်ကိုဖျက်ချင်ရင် ဘယ်လိုလုပ်ရမလဲ?

WavePay အကောင့်ကို ဖျက်ရန်အတွက် Wave Money Call Center ကို ဆက်သွယ်ဆောင်ရွက် ရပါမည်။ အကောင့်မဖျက်ခင် သင်၏ မိုဘိုင်းလ်ပိုက်ဆံအိတ်အတွင်း လက်ကျန်‌‌‌ငွေ သုညသာရှိရမှာဖြစ်ပြီး လုပ်ငန်းစဉ်ပြီးဆုံးရန် အလုပ်ချိန် ၁ရက် ကြာပါမည်။

MPU ကဒ်ဖြင့် ငွေဖြည့်သွင်းခြင်းအတွက် ငွေပမာဏကန့်သတ်ချက်ကဘာလဲ။

MPU ကဒ်ဖြင့် ငွေဖြည့်သွင်းခြင်းအတွက် လုပ်ငန်းစဉ်တစ်ခုလျှင် အနိမ့်ဆုံးပမာဏသတ်မှတ်ချက်မှာ ၁၀,၀၀၀ ကျပ်ဖြစ်ပြီး Wave Wallet ၏ လက်ခံနိုင်သည့် အများဆုံး ငွေပမာဏမှာ သိန်း (၂၀) ကျပ်အထိ ဖြစ်ပါသည်။ သို့ရာတွင် ကဒ်ထုတ်ပေးသောဘဏ်၏ Debit ကန့်သတ်ချက်ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

MPU ကဒ်ဖြင့် ငွေဖြည့်သွင်းခြင်းကို WavePay အ‌ကောင့် မည်သည့်အဆင့် (Level) တွင် အသုံးပြုနိုင်သနည်း။

MPU ကဒ်ဖြင့် ငွေဖြည့်သွင်းခြင်းလုပ်ဆောင်ချက်ကို WavePay Level 2 သုံးစွဲသူများအားလုံး အသုံးပြုနိုင်ပါသည်။ အကယ်၍ WavePay Level 2 သုံးစွဲသူမဟုတ်ပါက၊ မိတ်ဆွေရဲ့ လက်ရှိသုံးနေသည့် WavePay Basic အကောင့်ကို Level 2 သို့ မှတ်ပုံတင်ဖြင့် အလွယ်တကူ အဆင့်မြှင့်နိုင်ပါသည်။

MPU ကဒ်ဖြင့် ငွေဖြည့်သွင်းရန်အတွက် ဘာတွေလိုအပ်သလဲ။

MPU ကဒ်ဖြင့် ငွေဖြည့်သွင်းရန်အတွက် MPU ကဒ်များသည် e-commerce လုပ်ဆောင်ချက်ဖြင့် မှတ်ပုံတင် ဖွင့်ထားရပါမည်။ ၎င်း e-commerce လျှောက်ထားခြင်းကို သက်ဆိုင်ရာကဒ်ထုတ်ပေးသည့်ဘဏ်၌ လုပ်ဆောင်နိုင်ပါသည်။

နောက်ထပ် မိုဘိုင်းလ်ဖုန်းတစ်ခုမှ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အသုံးပြုရန် ခွင့်ပြုချက် တောင်းခံတဲ့ စာကို မတော်တဆငြင်းပယ်မိလိုက်တယ်၊ ဘာဖြစ်မလဲ။ မတော်တဆ ငြင်းပယ်ခံရခြင်းမှစက်ကိုမည်သို့ဖယ်ရှားရမည်နည်း?

အကယ်၍ သင်က နောက်ထပ် မိုဘိုင်းလ်ဖုန်းတစ်ခုမှာ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အသုံးပြုရန် ခွင့်ပြုချက် တောင်းခံတဲ့ စာကို မတော်တဆ ငြင်းပယ်လိုက်ပြီး ထိုငြင်းပယ်မှုကို ပြန်လဲ ပယ်ချလို လျှင်ကျွန်ုပ်တို့၏ call center ၀၉၇၉၀၀၀၉၀၀၀ သို့နံနက် ၈ နာရီမှ ၉၀၀ သို့ ခေါ်ဆိုပြီး အကူအညီရယူနိုင်ပါတယ်။

ကျွန်ုပ်ရဲ့ ဖုန်းအသစ်ကနေ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အသုံးပြုရန် မူလဖုန်းထံသို့ ခွင့်ပြုချက် တောင်းဆိုခဲ့ပေမဲ့လဲ ကျွန်ုပ်ရဲ့ မူလဖုန်းစီကို မည်သည့်ခွင့်ပြုချက် တောင်းခံစာမှ ရောက်မလာခဲ့ပါ။ အဲတာ့ဘာဖြစ်လို့လဲ တောင်းခံချက်ရရှိအောင် ဘယ်လိုဆက်လုပ်ရမလဲ?

လူကြီးမင်းရဲ့ မိုဘိုင်းလ်ဖုန်းက Google Service များကို အပြည့်အဝ အလုပ်မလုပ်တဲ့ (Chinese Devices) များဖြစ်နေခဲ့ရင်လဲ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” တောင်းခံချက်ကို ရရှိမှု ကြန့်ကြာနေတာမျိုး ဖြစ်နိုင်ပါတယ်။ လူကြီးမင်းကိုယ်တိုင်လဲ မိမိ WavePay APP ထဲမှာ ထိုတောင်းခံချက်ကို အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ မိမိ WavePay အကောင့်ထဲရှိ “ဝင်စာ (Inbox)” သို့မဟုတ် “ပြင်ဆင်ရန်” (Setting) တွင် “ယခုဖုန်းကို အသုံးပြုခွင့်ပေးခြင်း“ကို နှိပ်ပါ။ ယခုဖုန်းကို အသုံးပြုခွင့်ပေးရန် “မိုဘိုင်းလ်ဖုန်း Login ခွင့်ပြုချက်“ တောင်းခံမှုကို နှိပ်ပါ။

ကျွန်ုပ်သည် “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” နဲ့ ပက်သက်ပြီး မည်သည့်တောင်းဆိုမှုမျှမလုပ်ခဲ့သော်လည်း ကျွန်ုပ် မိုဘိုင်းလ်ဖုန်းတွင် အခြားဖုန်းမှ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အားခွင့်ပြုရန်အကြောင်းကြားချက်တစ်ခုလက်ခံရရှိခဲ့သည်။ ဘက်ဆက်လုပ်ရမလဲ?

မိမိ မသိရှိတဲ့ အခြား မိုဘိုင်းလ်ဖုန်း တစ်ခုကနေ မိမိဖုန်းထဲ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” တောင်းခံချက်ကို အတည်ပြုပေးရန် စာရောက်ရှိလာပါက လုံးဝ (လုံးဝ) ငြင်းပယ်ရမည်ဖြစ်သည်။ ထိုမှသာလျှင် မိမိ WavePay အကောင့်ကို မိမိတစ်တစ်ယောက်ထဲသာ ဝင်ရောက်နိုင်မည်ဖြစ်သည်။

ကျွန်ုပ်၏ WavePay အကောင့်များကို ဖုန်းနှစ်လုံး (ဥပမာ ပထမအလုံး Samsung, ဒုတိယအလုံး Xiaomi) တွင် အကောင့်ဝင်ထားပြီး တစ်ပြိုင်နက်အသုံးပြုလျှက်ရှိသည်။ ဗားရှင်း ၁.၄ ကိုအဆင့်မြှင့်တင်ပြီး “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” ကို ပထမမိုဘိုင်းလ်ဖုန်းမှာခွင့်ပြုလိုက်တယ်။ ဒါဆို ထို WavePay အကောင့်တစ်ခုထဲကို ဖုန်းနှစ်ခုစလုံးမှာ သုံးနိုင်အောင် ကျွန်ုပ်ရဲ့ ဖုန်းနှစ်ခုစလုံးမှာ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” ကိုခွင့်ပြုပေးလို့ရပါလား?

WavePay အကောင့်များအားလုံး ပိုမိုလုံခြုံစွာ အသုံးပြုနိုင်ဖို့ နည်းပညာအရ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အား ဗားရှင်း ၁.၄ မှစတင်ပြီး ထည့်သွင်းထားတာဖြစ်သောကြောင့် WavePay အကောင့်တစ်ခုကို မိုဘိုင်းလ် ဖုန်း နှစ်လုံးတွင် တစ်ပြိုင်နက်တည်း အသုံးပြု၍ မရနိုင်ပါ။

ဗားရှင်း ၁.၄ နဲ့ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” ကို မတော်တဆ အတည်ပြုမိလိုက်ပါသည်။ ကျွန်ုပ် ၁.၄ ဗားရှင်းကို မသုံးချင်သောကြောင့် ဗားရှင်း အဟောင်းများကို ဘယ်လိုအသုံးပြု၍ရနိုင်သလဲ?

 ၁.၄ ဗားရှင်းကို အဆင့်မြှင့်ပြီး “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” ကိုအတည်ပြုခဲ့ပြီးပါက ဗားရှင်းအဟောင်းများကို ပြန်လည်၍အသုံးပြုနိုင်မည်မဟုတ်ပါ။ WavePay အကောင့်များအားလုံး ပိုမိုလုံခြုံစွာ အသုံးပြုနိုင်ဖို့ နည်းပညာအရ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အား ဗားရှင်း ၁.၄ မှစတင်ပြီး ထည့်သွင်းထားတာဖြစ်သောကြောင့် WavePay အကောင့်တစ်ခုကို မိုဘိုင်းလ်တစ်ခုထဲတွင် လုံခြုံစွာအသုံးပြုနိုင်ပါသည်။

ဗားရှင်း ၁.၄ နဲ့ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” ကို အသုံးမပြုချင်ဘူးဆိုရင် ဘာဖြစ်မှာလဲ? ကျွန်ုပ်၏ WavePay အကောင့်ကို ဖုန်းအဟောင်းတွင်သုံးနိုင်ပါသေးလား?

 “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” ကို ၁.၄ ဗားရှင်းထည့်သွင်းထားတဲ့ မည်သည့်ဖုန်းမှာမှ အတည်မပြုရသေးရင် ဗားရှင်း အဟောင်း ၁.၃.၉ ကို မိမိဖုန်းမှာ ဆက်သုံးလို့ရနိုင်ပါတယ်။