Wave Money ဆိုင်ကတစ်ဆင့် ငွေလွှဲခြင်းနဲ့ ငွေထုတ်ခြင်းတွေအတွက် ဝန်ဆောင်ခပေးရမှာလား?

Wave Money ဆိုင်ကတစ်ဆင့် WavePay အကောင့်မရှိတဲ့သူကိုဖြစ်စေ၊ WavePay အကောင့်ရှိတဲ့သူကိုဖြစ်စေ ငွေလွှဲမယ်ဆိုရင် ငွေလွှဲမယ့်သူက လွှဲတဲ့ ပမာဏအလိုက် ငွေလွှဲခ ပေးရမှာဖြစ်ပါတယ်။ ငွေလက်ခံတဲ့သူက လုပ်ငန်းစဉ်နံပါတ်၊ မှတ်ပုံတင်နံပါတ်နဲ့ လျှို့ဝှက်နံပါတ်တွေသုံးပြီး ငွေထုတ်တဲ့အခါ ငွေထုတ်ခပေးဖို့ မလိုပါဘူး။ ဒါပေမယ့် WavePay အကောင့်ထဲက ငွေထုတ်မယ်ဆိုရင်တော့ ငွေထုတ်ခကို အကောင့်ထဲက ဖြတ်သွားမှာဖြစ်ပါတယ်။   ငွေလွှဲခနှုန်းထားတွေကိုကြည့်ရှုနိုင်ရန်ဤနေရာတွင်နှိပ်ပါ။

Wave Money ဆိုင် ကတစ်ဆင့် လွှဲလိုက်တဲ့ငွေကို ဘယ်လိုထုတ်ရမလဲ?

ငွေလက်ခံမယ့်သူက WavePay အကောင့်မရှိရင် မှတ်ပုံတင်၊ လုပ်ငန်းစဉ်နံပါတ်နဲ့ လျှို့၀ှက်နံပါတ်တွေကိုသုံးပြီး အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်မှာ ငွေထုတ်နိုင်ပါတယ်။ ငွေလက်ခံမယ့်သူက WavePay အကောင့် ရှိရင် လွှဲလိုက်တဲ့ငွေက ငွေလက်ခံမယ့်သူရဲ့ WavePay အကောင့်ထဲကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပြီး ငွေထုတ်ချင်ရင်တော့ နီးစပ်ရာ Wave Money ဆိုင်မှာ ဖုန်းနံပါတ်ပြောရုံနဲ့ ငွေထုတ်နိုင်ပါတယ်။

Wave Money ဆိုင် ကတစ်ဆင့် ဘယ်သူ့ကိုမဆို ငွေလွှဲလို့ရလား?

Wave Money ဆိုင်ကတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘယ်သူ့ကိုမဆို ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်နဲ့ မှတ်ပုံတင်သိရုံဖြင့် အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်မှာ ငွေလွှဲလို့ရပါတယ်။ ငွေလက်ခံမယ့်သူကို Wave Money က အလိုအလျောက်ပို့ပေးမယ့် လျှို့ဝှက်နံပါတ်ကို ပေးရမှာဖြစ်ပြီး အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်မှာငွေထုတ်ယူနိုင်မှာဖြစ်ပါတယ်။ လျှို့ဝှက်နံပါတ်ကို ငွေလက်ခံမယ့်သူကလွဲပြီး ဘယ်သူ့ကိုမှမပေးပါနဲ့။ ငွေလက်ခံမယ့်သူက WavePay အကောင့်ရှိရင် Wave Money ဆိုင်မှာ လွှဲလိုတဲ့ ဖုန်းနံပါတ်နဲ့ လွှဲမယ့်ငွေပမာဏကိုပဲ ပြောရမှာ ဖြစ်ပါတယ်။ လွှဲလိုက်တဲ့ငွေက အကောင့်ထဲကို တိုက်ရိုက်ရောက်သွားမှာ ဖြစ်ပြီး အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်မှာ ဖုန်းနံပါတ် ပြောရုံနဲ့ ငွေထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

Wave Money နဲ့ WavePay တို့ရဲ့အဓိက ကွာခြားချက်က ဘာလဲ?

Wave Money ဆိုတာက အကောင့်ဖွင့်ဖို့မလိုဘဲ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်ရှိရုံဖြင့် Wave Money ဆိုင်တွေကတစ်ဆင့် ငွေလွှဲ၊ ငွေထုတ် နဲ့ ချေးငွေပြန်သွင်းတာတွေကို လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ WavePay ဆိုတာက Wave Money ရဲ့ မိုဘိုင်းပိုက်ဆံအိတ်ဖြစ်ပါတယ်။ မိတ်‌ဆွေရဲ့ မိုဘိုင်းဖုန်းမှာ WavePay အကောင့်ဖွင့်ထားဖို့ လိုအပ်ပြီး အင်တာနက်ရှိရုံနဲ့ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း နဲ့ ဖုန်းငွေဖြည့်ခြင်း အစရှိတဲ့ ငွေကြေး၀န်ဆောင်မှုတွေကို ပြုလုပ်နိုင်ပါတယ်။

Wave Money ဆိုတာဘာလဲ?

Wave Money ဆိုတာ မိုဘိုင်းဖုန်းနံပါတ်နဲ့ မှတ်ပုံတင်ရှိရုံဖြင့် မြန်မာနိုင်ငံတစ်၀န်းမှာရှိတဲ့ Wave Money ဆိုင်ပေါင်း ၆၅,၀၀၀ ကျော် ကတစ်ဆင့် အလွယ်တကူ အချိန်မရွေး ငွေလွှဲ၊ ငွေထုတ် ပြုလုပ်နိုင်တဲ့ ငွေကြေး၀န်ဆောင်မှုဖြစ်ပါတယ်။ Wave Money ဆိုင်တွေကနေ ငွေလွှဲ၊ ငွေထုတ်တွေအပြင် ချေးငွေပေးချေခြင်း နဲ့ဘေလ်ဆောင်ခြင်းများလည်းပြုလုပ်နိုင်ပါတယ်။