WavePay အကောင့်ကို ဖုန်းအသစ်မှာ သုံးဖို့ အတည်ပြုချင်ပါတယ်။ ဘယ်လိုဆက်လုပ်ရမလဲ?

 ပထမဆုံးအနေနဲ့ WavePay အကောင့်ကို ဖုန်းအသစ်မှာ Login ဝင်ပြီး ခွင့်ပြုချက်တောင်းခံပါ။ ဖုန်းအသစ်မှာ OTP နှင့် PIN ရိုက်ထည့်ပြီးရင် ခွင့်ပြုချက်တောင်းခံဖို့ မူလဖုန်းကို ပြန်သွားပါ။   မူလဖုန်းမှာ ဖုန်းအသစ်ကို အတည်ပြုဖုန်းအဖြစ်ပြောင်းလဲ သတ်မှတ်ဖို့ ခွင့်ပြုချက်တောင်းခံစာပေါ်လာပါမယ်။ ခွင့်ပြုချက်ပေးလိုက်တာနဲ့ တောင်းဆိုနေသော ဖုန်းအသစ်သည် အတည်ပြုဖုန်း(မူလဖုန်း) ဖြစ်ပါပြီ။

လက်ရှိဖုန်းကို အတည်ပြုဖုန်း အဖြစ်သတ်မှတ်လို့ မရဖြစ်နေပါတယ်။ ဘယ်လိုဆက်လုပ်ရမလဲ?

လက်ရှိဖုန်းကို အတည်ပြုဖုန်း အဖြစ်သတ်မှတ်လို့ မရဖြစ်နေပါတယ်။ ဘယ်လိုဆက်လုပ်ရမလဲ?OTP နှင့် PIN ရပြီးနောက် လက်ရှိဖုန်းကို အတည်ပြုဖုန်းအဖြစ် ခွင့်ပြုသတ်မှတ်ရန် တောင်းဆိုသောဖုန်းမျက်နှာပြင်ကို တွေ့ရပါမယ်။ တောင်းဆိုမှုကိုခွင့်ပြုပြီးတဲ့အခါ လက်ရှိဖုန်းသည် အတည်ပြုဖုန်း (မူလဖုန်း) ဖြစ်လာပါမယ်။

လက်ရှိဖုန်းမှာ နောက်ဆုံး WavePay အက်ပလီကေးရှင်း (1.4) ကိုသုံးဖို့ ဘယ်လိုအတည်ပြုပေးရမလဲ?

ကျေးဇူးပြုပြီး WavePayဗားရှင်း 1.4 ကို ဒေါင်းလုတ်လုပ်ပြီး သင်၏ WavePay အကောင့်ကို Log-In ဝင်ပါ။OTP နှင့် PIN ရပြီးနောက် လက်ရှိဖုန်းကို အတည်ပြုဖုန်းအဖြစ် ခွင့်ပြုသတ်မှတ်ရန် “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” တောင်းဆိုသော စာမျက်နှာကို တွေ့ရပါမယ်။ ထိုတောင်းဆိုမှုကို ခွင့်ပြုပြီးတဲ့အခါ မိမိရဲ့ လက်ရှိဖုန်းသည် အတည်ပြုဖုန်း (မူလဖုန်း) ဖြစ်လာပါမယ်။

WavePay နောက်ဆုံးဗားရှင်း (1.4) ၏အဓိကအဆင့်မြှင့်တင်မှုတွေက ဘာတွေလဲ။ လုံခြုံရေးအတွက်ဘယ်လိုတိုးတက်မှုတွေ ရှိပါသလဲ။?

– “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်”– မူလဖုန်းကို အတည်ပြုသတ်မှတ်ရန် ခွင့်ပြုချက်တောင်းခံရခြင်း– ခွင့်ပြုချက်ပြီးဆုံးသည်နှင့် WavePay အကောင့်တစ်ခုသည် ဖုန်းတစ်ခုထဲ၌သာ Log-In ဝင်နိုင်ခြင်း– ခွင့်ပြုထားသော မူလဖုန်းသည် အခြားဖုန်းများမှ login တောင်းဆိုချက်များကိုရလိမ့်မည်။ (သင့်ဖုန်းမှ ခွင့်ပြုချက်မရဘဲ လိမ်လည်သူသည် OTP နှင့် PIN ကိုမတော်တဆသိသော်လည်း ဝင်ရောက်ခြင်း မပြုနိုင်‌ပါ။)

WavePay App နောက်ဆုံးဗားရှင်း (1.4) ကို ထည့်သွင်းရန် Android ဗားရှင်း အနိမ့်ဆုံး ဘယ်လောက်လိုပါသလဲ? ဘယ်ဟန်းဆက်ဖုန်း မော်ဒယ်အမျိုးအစားထဲက အနည်းဆုံးလိုအပ်လဲ?

Android ဗားရှင်း 5.0 နှင့်အထက် (Lollipop)