WavePay နဲ့ Wave Money တို့ရဲ့အဓိက ကွာခြားချက်က ဘာပါလဲ?

WavePay ဆိုတာက Wave Money ရဲ့ မိုဘိုင်းပိုက်ဆံအိတ်ဖြစ်ပါတယ်။ မိတ်‌ဆွေရဲ့ မိုဘိုင်းဖုန်းမှာ WavePay အကောင့်ဖွင့်ထားဖို့ လိုအပ်ပြီး အင်တာနက်ရှိရုံနဲ့ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း၊ ဘေပေးဆောင်ခြင်း နဲ့ ဖုန်းဘေဖြည့်ခြင်း အစရှိတဲ့ ငွေကြေး၀န်ဆောင်မှုတွေကို ပြုလုပ်နိုင်ပါတယ်။ Wave Money ဆိုတာက အကောင့်ဖွင့်ဖို့မလိုဘဲ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ် စတဲ့ လိုအပ်တဲ့ အချက်အလက်တွေကို Wave Money ဆိုင်တွေမှာ ပြောပြပြီး ငွေလွှဲ၊ ငွေထုတ် နဲ့ ချေးငွေပေးချေတာတွေကို လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ Wave Money ဝန်ဆောင်မှုတွေသုံးဖို့အတွက် အကောင့်ရှိဖို့မလိုပါဘူး။

WavePay အက်ပလီကေးရှင်း ဆိုတာ ဘာလဲ?

WavePay ဆိုတာ အချိန်မရွေး နေရာမရွေး မိုဘိုင်းဖုန်းရှိရုံနဲ့ အလွယ်တကူ စိတ်ကြိုက် အသုံးပြုနိုင်တဲ့ Wave Money ရဲ့မိုဘိုင်းပိုက်ဆံအိတ်ဖြစ်ပါတယ်။ ‌ကိုယ်တိုင် Download လုပ်ရယူနိုင်ပြီး ကိုယ်တိုင်အကောင့်ဖွင့်နိုင်ပါတယ်။ WavePay နဲ့ဆိုရင် ငွေလွှဲ/ငွေထုတ်ခြင်း၊ ဖုန်းဘေဖြည့်ခြင်း၊ ဘေပေးဆောင်ခြင်း၊ ချေးငွေပေးချေခြင်း၊ ခရီးသွားလက်မှတ်အတွက် ငွေပေးချေခြင်း စတဲ့ ဝန်ဆောင်မှုတွေကို ကိုယ့်ဖုန်းကနေ တစ်ဆင့် ပြုလုပ်နိုင်ပါတယ်။ WavePay ရဲ့ ဝန်ဆောင်မှုတွေ အသုံးပြုတဲ့အခါ ဘဏ်အကောင့်ရှိဖို့ မလိုဘဲ မိုဘိုင်းဖုန်းရှိရုံနဲ့ ငွေကြေးဝန်ဆောင်မှုတွေကို အသုံးပြုနိုင်တာဖြစ်တဲ့အတွက်ကြောင့် ဘဏ်ဖွင့်ချိန်၊ ပိတ်ချိန်တွေအတွက်စိတ်ပူဖို့မလိုပါဘူး။ မိမိရဲ့ WavePay အကောင့်ထဲကို ငွေသွင်းပြီးတာနဲ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ဘယ်သူ့ကိုမဆို ငွေလွှဲနိုင်မှာဖြစ်ပါတယ်။ WavePay အကောင့်အချင်းချင်း ဆိုရင်လည်း ငွေလွှဲခ အခမဲ့ ဖြစ်ပါတယ်။