ငွေလွှဲတဲ့အခါ မိမိအကောင့်ထဲကို ငွေရောက်၊မရောက် ဘယ်လိုသိနိုင်မလဲ?

WavePay အသုံးပြုသူများအတွက်ကတော့ မိမိဆီ ငွေရောက်၊မရောက် စစ်ချင်တယ်ဆိုရင် WavePay အက်ပလီကေးရှင်းထဲမှာရှိတဲ့ “စာရင်း”ကိုဝင်ကြည့်နိုင်မှာဖြစ်ပါတယ်။

WavePay အကောင့်နဲ့ ရိုးမဘဏ် SMART အကောင့်ကို အွန်လိုင်းကနေ ဘယ်လိုလင့်ခ်ဖြုတ်ရမလဲ?

WavePay အကောင့်နဲ့ ရိုးမဘဏ် SMART အကောင့်ကို ဘဏ်သွားဖို့မလိုဘဲ အွန်လိုင်းကနေ လင့်ခ်ဖြုတ်မယ်ဆိုရင် ၁။ အရင်ဆုံး WavePay App ကို ဖွင့်ပါ။ ပြီးရင် “ငွေသွင်း/ထုတ်” ကိုနှိပ်ပါ။ ၂။ “Yoma Bank smart” ကိုနှိပ်ပါ။ ၃။ “ဘဏ်အကောင့်နှင့်လင့်ခ်ဖြုတ်ပါ” ကိုနှိပ်ပါ။ ၄။ လင့်ခ်ဖြုတ်ဖို့သေချာပြီဆိုရင် “အတည်ပြုရန်” ကိုနှိပ်ပါ။ ၅။ WavePay အကောင့် PIN နံပါတ် ၄လုံးကိုရိုက်ထည့်ပြီးရင်တော့ အကောင့်လင့်ခ်ဖြုတ်တာအောင်မြင်သွားပါပြီ။ WavePay အကောင့်နဲ့ ရိုးမဘဏ်SMART အကောင့်ကို လင့်ခ်ပြန်ချိတ်ချင်တယ်ဆိုရင်လည်း အချိန်တိုအတွင်းပြန်လည်ချိတ်ဆက်နိုင်ပါတယ်။

ဘဏ်သွားဖို့မလိုဘဲ WavePay အကောင့်နဲ့ ရိုးမဘဏ် SMART အကောင့်ကို အွန်လိုင်းကနေ ဘယ်လိုချိတ်ဆက်ရမလဲ?

WavePay အကောင့်နဲ့ ရိုးမဘဏ် SMART အကောင့်ကို ဘဏ်သွားဖို့မလိုဘဲ အွန်လိုင်းကနေချိတ်ဆက်မယ်ဆိုရင် WavePay အကောင့် Level 2 နဲ့ ရိုးမဘဏ် SMART အကောင့်ရှိဖို့လိုပါတယ်။ WavePay အကောင့် အဆင့်မြှင့်တုန်းက သုံးခဲ့တဲ့ မှတ်ပုံတင်နံပါတ်က ရိုးမဘဏ် SMART အကောင့်ဖွင့်တုန်းက သုံးခဲ့တဲ့ မှတ်ပုံတင်နံပါတ်နဲ့ ကိုက်ညီဖို့လိုပါတယ်။ OTP နံပါတ် လက်ခံရရှိဖို့အတွက် ရိုးမဘဏ် SMART အကောင့်ဖွင့်တုန်းက သုံးခဲ့တဲ့ ဖုန်းဆင်းကတ်ကလည်း active ဖြစ်နေဖို့လိုပါတယ်။ အွန်လိုင်းကနေချိတ်ဆက်ပုံအဆင့်ဆင့်ကို အောက်မှာ ကြည့်နိုင်ပါတယ်။ ၁။ အရင်ဆုံး WavePay App ကို ဖွင့်ပါ။ ပြီးရင် “ငွေသွင်း/ထုတ်” ကိုနှိပ်ပါ။ ၂။ “ဘဏ်အကောင့်ချိတ်ရန်” ကိုနှိပ်ပါ။ ၃။ “Yoma Bank” ကိုနှိပ်ပါ။… Continue reading ဘဏ်သွားဖို့မလိုဘဲ WavePay အကောင့်နဲ့ ရိုးမဘဏ် SMART အကောင့်ကို အွန်လိုင်းကနေ ဘယ်လိုချိတ်ဆက်ရမလဲ?

WavePay အကောင့်ထဲလည်းမဝင်ထားဘူး။ အကောင့်ထဲဝင်ဖို့ PIN နံပါတ် ၄လုံးကိုလည်းမေ့သွားခဲ့ရင် ဘာလုပ်ရမလဲ?

WavePay အကောင့်ရဲ့ PIN နံပါတ် ၄လုံးကို မေ့သွားခဲ့ရင် ၁) WavePay app ကိုဖွင့်ပါ။၂) ဘာသာစကားရွေးချယ်ကာ “ဆက်လုပ်ပါ” ကိုနှိပ်ပါ။၃) WavePay အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။ ၄) OTP နံပါတ် ၆လုံးပါတဲ့ SMS ကို ရတဲ့အခါ OTP နံပါတ်ကိုရိုက်ထည့်ပါ။ ၅) “PIN ထည့်ပါ” ဆိုတဲ့စာမျက်နှာပေါ်လာရင် “PIN မေ့နေသလား” ကိုနှိပ်ပါ။ ၆) Basic အကောင့်သုံးသူက အကောင့်ဖွင့်တုန်းကသုံးတဲ့မွေးနေ့ကိုထည့်ရမှာဖြစ်ပြီး Level 2 အကောင့်သုံးသူက အကောင့်အဆင့်မြှင့်တုန်းကသုံးတဲ့ မှတ်ပုံတင်နံပါတ်ကို ထည့်ပေးရမှာပါ။ ပြီးရင် “ဆက်လုပ်ပါ” ကိုနှိပ်ပါ။၇) ယာယီ PIN နံပါတ် ၄လုံး ပါတဲ့ မက်ဆေ့ကို ရတဲ့အခါ… Continue reading WavePay အကောင့်ထဲလည်းမဝင်ထားဘူး။ အကောင့်ထဲဝင်ဖို့ PIN နံပါတ် ၄လုံးကိုလည်းမေ့သွားခဲ့ရင် ဘာလုပ်ရမလဲ?

WavePay အကောင့်ထဲဝင်ပြီးသားဖြစ်ပေမယ့် PIN နံပါတ် ၄လုံး ကိုမေ့သွားခဲ့ရင် ဘာလုပ်ရမလဲ?

WavePay အက်ပလီကေးရှင်းထဲဝင်ကိုဝင်ပြီးသားဖြစ်ပေမယ့် PIN နံပါတ် ၄လုံး ကိုမေ့သွားခဲ့ရင် PIN နံပါတ်အသစ်ကို ပြန်ပြောင်းလို့ရပါတယ်။ ၁) WavePay app ကိုဖွင့်ပြီး ဘယ်ဘက်ဒေါင့်အပေါ်က လိုင်း ၃ခုကိုနှိပ်ပါ။၂) “ပြင်ဆင်ရန်” ကိုနှိပ်ပါ။၃) “PIN မေ့နေသလား” ကိုနှိပ်ပါ။၄) Basic အကောင့်သုံးသူက အကောင့်ဖွင့်တုန်းကသုံးတဲ့မွေးနေ့ကိုထည့်ရမှာဖြစ်ပြီး Level 2 အကောင့်သုံးသူက အကောင့်အဆင့်မြှင့်တုန်းကသုံးတဲ့ မှတ်ပုံတင်နံပါတ်ကို ထည့်ပေးရမှာပါ။ ပြီးရင် “ဆက်လုပ်ပါ” ကိုနှိပ်ပါ။၅) ယာယီ PIN နံပါတ် ၄လုံး ပါတဲ့ မက်ဆေ့ကို ရတဲ့အခါ ဆက်လက်လုပ်ဆောင်ဖို့အတွက် ယာယီPINနံပါတ်ကိုရိုက်ထည့်ပါ။၆) PINနံပါတ်အသစ်ကိုရိုက်ထည့်ပါ။၇) PINနံပါတ် အသစ်ဖြစ်ကြောင်းအတည်ပြုတဲ့ စာမျက်နှာပေါ်လာရင် “ဆက်လုပ်ပါ”ကိုနှိပ်ပါ။၈) PINနံပါတ် အသစ် ပြောင်းတာ အောင်မြင်သွားပါပြီ။ပြောင်းလိုက်တဲ့ PINနံပါတ်အသစ်က အရင်သုံးဖူးတဲ့ နံပါတ်တွေဖြစ်နေရင်တော့ ပြောင်းလို့ရမှာမဟုတ်ပါဘူး။… Continue reading WavePay အကောင့်ထဲဝင်ပြီးသားဖြစ်ပေမယ့် PIN နံပါတ် ၄လုံး ကိုမေ့သွားခဲ့ရင် ဘာလုပ်ရမလဲ?

WavePay အကောင့်ရဲ့ PIN နံပါတ် ၄လုံး ကို ဘယ်လို ပြန်ပြောင်းရမလဲ?

WavePay အကောင့်ရဲ့ PIN နံပါတ် ၄လုံး ကိုပြောင်းမယ်ဆိုရင်၁) WavePay app ကိုဖွင့်ပြီး ဘယ်ဘက်ဒေါင့်အပေါ်က လိုင်း ၃ခုကိုနှိပ်ပါ။၂) “ပြင်ဆင်ရန်” ကိုနှိပ်ပါ။၃) “PIN ပြောင်းရန်” ကိုနှိပ်ပါ။၄) လက်ရှိသုံးနေတဲ့ လျှို့ဝှက် နံပါတ် ၄လုံးကို ရိုက်ထည့်ပါ။၅) ပြောင်းချင်တဲ့ PIN နံပါတ် ၄လုံး ကို ရိုက်ထည့်ပါ။၆) PIN နံပါတ် အသစ်ဖြစ်ကြောင်းအတည်ပြုတဲ့ စာမျက်နှာပေါ်လာရင် “ဆက်လုပ်ပါ”ကိုနှိပ်ပါ။၇) WavePay အကောင့်ရဲ့ PIN နံပါတ်အသစ် ပြောင်းတာ အောင်မြင်သွားပါပြီ။ပြောင်းလိုက်တဲ့ PIN နံပါတ်အသစ်က အရင်သုံးဖူးတဲ့ နံပါတ်တွေဖြစ်နေရင်တော့ ပြောင်းလို့ရမှာမဟုတ်ပါဘူး။