စဉ်ဆက်မပြတ် တိုးတက်မှုဆီသို့ ဦးဆောင်လျက်ရှိသူ Mr BRAD JONES ကို WAVE MONEY ၏ အမှုဆောင် အရာရှိချုပ် အဖြစ် စာချုပ်သက်တမ်း တိုးမြှင့်ခဲ့

WAVE MONEY ကိုယ်စားလှယ် ၁၀,၀၀၀ ဦးမြောက် ဖြစ်သော အောင်ပန်းမြို့ စံကောင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင်၊ Wave Money အဖွဲ့သားများ နှင့်အတူ Mr Brad Jones အား တွေ့ရစဉ်။

Grab ယာဉ်မောင်းများနှင့် အသုံးပြုသူမိတ်ဆွေများအတွက် အဆင်ပြေသည့် ငွေပေးချေမှုစနစ် ထောက်ပံ့ပေးရန် Wave Money နှင့် Grab ပူးပေါင်းဆောင်ရွက်

Wave Money ၏ e-wallet platform နှင့် Grab ၏ ကုန်းလမ်းခရီးသည်ပို့ဆောင်ရေးအက်ပလီကေးရှင်းတို့အားပေါင်းစပ်၍ မိတ်ဖက်အဖြစ် ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည်။ ကုမ္ပဏီနှစ်ခုစလုံးသည် ဒီဂျစ်တယ်စီးပွားရေးကို ကောင်းစွာသဘောပေါက်နားလည်စေရန်နှင့် ငွေရေးကြေးရေးဆိုင်ရာကိစ္စရပ်များ မျှဝေပေးခြင်းဖြင့် မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးအထောက်အပံ့ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးဆိုင်ရာအသိပညာများတိုးတက်လာစေရေးအတွက် Digital Gamification အားအသုံးပြုခြင်း

ရန်ကုန်၊ မြန်မာ – UNCDF နှင့် Wave Money တို့အကြား သဘောတူညီမှုစာချုပ်အား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၄င်းလက်မှတ်ရေးထိုးခြင်းအခမ်းအနားအား UNDP (the United Nations Development Program) နှင့် DFAT (the Australian Department of Foreign Affairs and Trade) မှ ကိုယ်စားလှယ်တော်များ တက်ရောက်ခဲ့ကြသည်။ ဤပူးပေါင်းရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်သည် UNCDF SHIFT Challenge Fund Second Window ၏ အောင်မြင်သူများထဲမှ တစ်ခုဖြစ်သော Wave Money စီမံကိန်းအား အခြေခံ ထားပါသည်။ UNCDF ၏ Expanding Financial Access (EFA) Myanmar Programme နှင့် DFAT မှ အဓိက ပံ့ပိုးထားသော SHIFT’s Challenge Fund Second Window မှ အခြားငွေကြေး ထောက်ပံ့မှုနှင့်အတူ Wave Money စီမံကိန်းအတွက် အဓိကငွေကြေးထောက်ပံ့မှုအား ပေးအပ် သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးမိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းလက်မှတ်ကို Wave Money တရားဝင်ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၃ရက်၊ ၂၀၁၆- Wave Money သည် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်းအသစ်အရ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုတရားဝင်လက်မှတ်ကို ယနေ့ Central Bank မှ ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေငြာပါသည်။ ဤစည်းမျဉ်းအသစ်သည် မိုဘိုင်းအော်ပရေတာများကို မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ပေးစွမ်းနိုင်ရန်ရည်ရွယ်ပြီး အဆိုပါလုပ်ငန်းသည် မြန်မာပြည်သူသန်းပေါင်းများစွာ၏ ငွေကြေးကိစ္စများ ကိုလည်း ဝင်ရောက်လုပ်ကိုင်ပေးနိုင်မည့် အလားအလာကောင်းများကိုပိုင်ဆိုင်ထားသောလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ယခုရရှိခဲ့သော တရားဝင်လက်မှတ်အရ Wave Money သည် Central Bank မှပေးအပ်သည့် non-banking financial institution (ဘဏ်မဟုတ်သောငွေကြေးဝန်ဆောင်မှုလုပ်ငန်း) တစ်ခု ရပ်တည်လာပြီဖြစ်သည်။

မြန်မာနိုင်ငံရဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို ပြောင်းလဲရန်အတွက် Wave Money ရောက်လာပါပြီ

ရန်ကုန်မြို့၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ၊ ၉ ရက်နေ့ – Wave Money ကို မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း (၁၆၀) တွင် ကိုယ်စားလှယ်ပေါင်း (၄၀၀၀)ထားရှိပြီး အောင်မြင်စွာ မိတ်ဆက်ပေးနိုင်ခဲ့သည်။ Wave Money သည် မြန်မာ့ဗဟိုဘဏ်ရဲ့ ပထမဆုံး မိုဘိုင်းငွေရေးကြေးဝန်ဆောင်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ၊ (၃) ရက်နေ့တွင် ရ ရှိခဲ့သည်။