မြန်မာပြည်သူများအားလုံး ဘဏ္ဍာရေးဝန်ဆောင်မှုအား လက်လှမ်းမီစေရန် ရည်ရွယ်၍ Wave Money နှင့် Ant Financial Services Group တို့မှပူးပေါင်းဆောင်ရွက်

၂၀၂၀ ခုနှစ်၊ မေလ ၁၈ ရက်၊ ရန်ကုန်၊ ဟန်ကျိုး။ ။ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို လက်လှမ်းမမီသေးသူများနှင့် အခြေခံပြည်သူများအတွက် လူတိုင်း ဘဏ္ဍာရေးဝန်ဆောင်မှု အသုံးပြုနိုင်ရေးကို မြှင့်တင်လုပ်ဆောင်ရန် Digital Money Myanmar Limited (“Wave Money”) နှင့် Alipay ၏ အော်ပရေတာဖြစ်သူ Ant Financial Services Group (“Ant Group”) တို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းကို ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ ဒီဂျစ်တယ်နှင့် မိုဘိုင်းငွေပေးချေမှုလုပ်ငန်းတွင် ရှေ့တန်းမှဦးဆောင်လျက်ရှိသော Ant Group ၏ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများနှင့်အတူ Wave Money သည် မြန်မာနိုင်ငံအနှံ့ရှိ သုံးစွဲသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေပြီး လုံခြုံစိတ်ချရသည့် မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်သွားဖြစ်သည်။

Wave Money မှ 2C2P နှင့်အတူ ပူးပေါင်းကာ လွယ်ကူလျင်မြန်သော ငွေပေးချေမှုစနစ်အား မိတ်ဆက်

မြန်မာနိုင်ငံ၏ မိုဘိုင်းငွေပေးချေမှုကဏ္ဍတွင် ဦးဆောင်ကုမ္ပဏီဖြစ်သော Wave Money မှ နိုင်ငံတဝှမ်းရှိ WavePay အသုံးပြုသူများအတွက် လွယ်ကူလျင်မြန်သော ငွေပေးချေမှုဝန်ဆောင်မှုအား အကောင်အထည်ဖော်ဆောင်ရေးရည်ရွယ်ကာ ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုကုမ္ပဏီဖြစ်သည့် 2C2P နှင့် ပူးပေါင်းဆောင်ရွက် လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအား ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ်တွင် ပြုလုပ်ကျင်းပခဲ့သည်။

Wave Money ၏ ၂၀၁၉ ခုနှစ်တွင်ရရှိခဲ့သော အောင်မြင်မှုရလဒ်များသည် မိုဘိုင်းလ် ငွေကြေးကဏ္ဍဦးဆောင်မှုကို ပိုမိုအခြေခိုင်မြဲစေခဲ့

မြန်မာ့ထိပ်တန်း မိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် Wave Money သည် တစ်နှစ်တာ ငွေလွှဲပမာဏ မြန်မာကျပ်ငွေ ၆.၄ ထရီလီယံနှင့်အတူ၂၀၁၉ ခုနှစ်ကို အောင်မြင်တိုးတက်မှုများစွာြဖင့် မြန်မာ့ဘဏ္ဏာရေးကဏ္ဍတွင် မှတ်ကျောက်တင်နိုင်ခဲ့သည်။ ထိုငွေလွှဲပမာဏ သည် ၂၀၁၈ ခုနှစ်အတွင်း ရရှိခဲ့သော ပမာဏဖြစ်သည့် မြန်မာကျပ်ငွေ ၂ ထရီလီယံထက် သုံးဆကျော်လွန် မြင့်မားခဲ့သည်။

Wave Money နှင့် FlyMya တို့မှ လွယ်ကူ၊ လျင်မြန်သော ခရီးသွားလာရေးဆိုင်ရာ ငွေပေးချေမှုများပံ့ပိုးပေးရန် ပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ငွေပေးချေမှုတွင် ထိပ်တန်းကုမ္ပဏီဖြစ်သော Wave Money နှင့် ပြည်တွင်းခရီးသွားလက်မှတ်များ၊ ခရီးသွားလာရေးဆိုင်ရာဝန်ဆောင်မှုများတွင် ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော FlyMya.com သည် လွယ်ကူလျင်မြန်သော ခရီးသွားလာရေးဆိုင်ရာ ငွေပေးချေမှုများပံ့ပိုးပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ သည်။

နိုင်ငံဝန်ထမ်းဟောင်း အငြိမ်းစားများအတွက် မိုဘိုင်းလ် အခြေပြု ငွေရေးကြေးရေး ဝန်ဆောင်မှု ပေးအပ်ရန် မြန်မာ့စီးပွားရေးဘဏ်နှင့် Wave Money တို့ ပူးပေါင်း

ရန်ကုန်၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၈။ ။ နိုင်ငံဝန်ထမ်းဟောင်း အငြိမ်းစားများ ပင်စင်လာရောက် ထုတ်ယူရာတွင် လွယ်ကူ အဆင်ပြေစေရန် မြန်မာနို်င်ငံ၏ငွေရေးကြေးရေးကဏ္ဍတွင် ဦးဆောင်သူ Wave Money က ဆောင်ရွက်နေပြီဖြစ်သည်။ မြန်မာ့စီးပွားရေးဘဏ်ခွဲ ၌ လစဉ်ပင်စင်သွားရောက်ထုတ်ယူစရာမလိုတော့ဘဲ အချိန်နေရာ မရွေး နီးစပ်ရာ Wave Money ဆိုင်ခွဲများတွင် ပင်စင်လစာထုတ်ယူနိုင်မည်ဖြစ်သည်။ လက်ရှိတွင် အဆိုပါ ဝန်ဆောင်မှုကို မြောက်ဒဂုံမြို့နယ်ရှိ မြန်မာ့ စီးပွားရေးဘဏ်ခွဲဘဏ်တွင် ပင်စင်ထုတ်ယူလျက်ရှိသည့် ပင်စင်စားများ သာလျင် ရရှိနိုင်မည်ဖြစ်ပါသည်။ ဆက်လက်ပြီး နောက်လများတွင် အခြားသော မြို့နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ပင်စင်ထုတ်ယူလျက်ရှိကြသော ပင်စင်စားများအတွက် ပင်စင်လစာထုတ်ပေးခြင်း ဝန်ဆောင်မှုကို တိုးချဲ့ ပေးအပ်သွားမည်ဖြစ်သည်။

Wave Money က တစ်နေ့လျှင်ငွေလွှဲပြောင်းမှုနှုန်း ငါးသိန်းကျပ်သို့တိုးမြှင့်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် ၂၀၁၇ ။ ။ မြန်မာနို်င်ငံ၏ငွေရေးကြေးရေးကဏ္ဍတွင် ဦးဆောင်သူ Wave Money က မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် တစ်နေ့လျှင်ငွေလွှဲပြောင်းမှုနှုန်း ငါးသိန်းကျပ်သို့ တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်သည်။ ယခုလို တိုးမြှင့်သတ်မှတ်လိုက်ခြင်းဟာ အသုံးပြုသူများ၏ တောင်းဆိုချက်များ နှင့် ပြည်တွင်း စီးပွားရေး ၊လူမှုရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန်အတွက် ငွေလွှဲနှုန်းထား ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

မြန်မာပြည်ရှိ ပထမဆုံး မိုဘိုင်း ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှု ပေးအပ်နေသည့် Wave Money မှ ကိုယ်စားလှယ်များနှင့် အသုံးပြုသူများ အကြား လွယ်ကူစွာ ချိတ်ဆက်နိုင်ရေးအတွက် open API စတင် မိတ်ဆက်

မြန်မာပြည်၏ ခေတ်သစ် ငွေပေးချေခြင်းကဏ္ဍ ပုံဖော် နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်များအတွက် cashless payments စနစ်ရရှိစေရန် ဒီဂျစ်တယ် ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှု ပေးအပ်နေသည့် Wave Money မှ အသစ် ထပ်မံမိတ်ဆက်သည့် Developer Portal ဖြင့် ကူညီဆောင်ရွက်ပေးသွားမည်။

မြန်မာနိုင်ငံအနှံအပြား ပြည်သူများ လုံခြုံစိတ်ချပြီးလွယ်ကူစွာ မည်သည့်နေရာ၊ မည်သူ့ကိုမဆို ငွေလွှဲပြောင်းပေးနိုင်ရန် Wave Money က ဝန်ဆောင်မှုပေး

Wave Money ဖြင့် အနိမ့်ဆုံး ငွေပမာဏတစ်သောင်းကျပ်အထိငွေလွှဲပြောင်းရာတွင် ငွေလွှဲခဝန်ဆောင်မှုနှုန်းအတွက် ၄၀၀ကျပ်ကိုသတ်မှတ်လိုက်သည်။ ထိုငွေလွှဲခ ဝန်ဆောင်မှုနှုန်းထား အသစ်ကို ယခုလစက်တင်ဘာ ၁ရက်မှစ ပြောင်းလဲသတ်မှတ်ခဲ့သည့်အတွက် ငွေပမာဏအနည်းငယ်ကို ဝန်ဆောင်ခ သက်သာစွာဖြင့် လွှဲပြောင်းနိုင်မည်ဖြစ်သည်။ ယင်းငွေလွှဲခ ဝန်ဆောင််မှုနှုန်း ၄၀၀ကျပ်သည်အချို့သောဘဏ်အများစု၏ ငွေလွှဲခဝန်ဆောင်မှုနှုန်းထက် ပိုမိုသက်သာသဖြင့် အသုံးပြုသူများအတွက်ပိုမိုအဆင်ပြေသက်သာစာ ငွေလွှဲပြောင်းနိုင်မည် ဖြစ်သည်။

စဉ်ဆက်မပြတ် တိုးတက်မှုဆီသို့ ဦးဆောင်လျက်ရှိသူ Mr BRAD JONES ကို WAVE MONEY ၏ အမှုဆောင် အရာရှိချုပ် အဖြစ် စာချုပ်သက်တမ်း တိုးမြှင့်ခဲ့

WAVE MONEY ကိုယ်စားလှယ် ၁၀,၀၀၀ ဦးမြောက် ဖြစ်သော အောင်ပန်းမြို့ စံကောင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင်၊ Wave Money အဖွဲ့သားများ နှင့်အတူ Mr Brad Jones အား တွေ့ရစဉ်။

Grab ယာဉ်မောင်းများနှင့် အသုံးပြုသူမိတ်ဆွေများအတွက် အဆင်ပြေသည့် ငွေပေးချေမှုစနစ် ထောက်ပံ့ပေးရန် Wave Money နှင့် Grab ပူးပေါင်းဆောင်ရွက်

Wave Money ၏ e-wallet platform နှင့် Grab ၏ ကုန်းလမ်းခရီးသည်ပို့ဆောင်ရေးအက်ပလီကေးရှင်းတို့အားပေါင်းစပ်၍ မိတ်ဖက်အဖြစ် ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည်။ ကုမ္ပဏီနှစ်ခုစလုံးသည် ဒီဂျစ်တယ်စီးပွားရေးကို ကောင်းစွာသဘောပေါက်နားလည်စေရန်နှင့် ငွေရေးကြေးရေးဆိုင်ရာကိစ္စရပ်များ မျှဝေပေးခြင်းဖြင့် မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးအထောက်အပံ့ပေးသွားမည်ဖြစ်သည်။