Wave Money ဆိုင်ကတစ်ဆင့် ငွေလွှဲပြီးမှ လျှို့ဝှက်နံပါတ် ၆လုံးနဲ့ လုပ်ငန်းစဉ်နံပါတ်ပါတဲ့ မက်ဆေ့ချ်ကို ဖျက်မိသွားရင် ဘာလုပ်ရမလဲ?

Wave Money ဆိုင်ကတစ်ဆင့် ငွေလွှဲပြီးမှ လျှို့ဝှက်နံပါတ် ၆လုံးပါတဲ့ မက်ဆေ့ချ်ကို ဖျက်မိသွားခဲ့ရင် ငွေလွှဲသူက ငွေလွှဲလိုက်တဲ့ Wave Money ဆိုင်မှာပဲ လျှို့ဝှက်နံပါတ်အသစ်ကို ပြောင်းပေးဖို့ တောင်းဆိုနိုင်ပါတယ်။ ၂၄နာရီ ဝန်ဆောင်မှုပေးနေတဲ့ Wave Money Call Center ကို တယ်လီနောအသုံးပြုသူတွေက 900 နဲ့ အခြားအော်ပရေတာအသုံးပြုသူတွေက 09790009000 ကို ဆက်သွယ်ပြီး  လျှို့ဝှက်နံပါတ်အသစ်ပါတဲ့ မက်ဆေ့ချ်ကို ပြန်ပို့ပေးဖို့ အကူအညိတောင်းနိုင်ပါတယ်။ အပြာရောင်အမှန်ခြစ်ပါတဲ့ Wave Money Facebook Messenger မှာလည်း မေးမြန်းနိုင်ပါတယ်။ လျှို့ဝှက်နံပါတ်အသစ်ကိုတော့ ငွေလွှဲတဲ့သူကပဲ ပြန်လည်တောင်းခံနိုင်မှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published.