Wave Money ဆိုင်တွေမှာ ငွေဘယ်လိုလွှဲရမလဲ?

အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်ကတစ်ဆင့်ငွေလွှဲမယ်ဆိုရင် သင့်မှတ်ပုံတင်ကိုပြပြီး ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ် နဲ့ မှတ်ပုံတင်နံပါတ်ကိုပြောပြပါ။ ငွေလွှဲပြီးရင် လျှို့ဝှက်နံပါတ် ၆ လုံးပါတြ့ မက်ဆေ့ချ်ကို အလိုအလျောက်ရမှာဖြစ်ပါတယ်။ နောက်ပြီး ငွေလက်ခံမယ့်သူကိုသာ လျှို့ဝှက်နံပါတ် ကိုပြောပြပါ။ ငွေလက်ခံမယ့်သူက အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်မှာ လုပ်ငန်းစဉ်နံပါတ်ပါတဲ့ SMS နဲ့မှတ်ပုံတင်ကိုပြပြီး လျှို့ဝှက်နံပါတ်ကိုကိုယ်တိုင်ရိုက်ထည့်ကာ ငွေထုတ်နိုင်ပါတယ်။ လျှို့ဝှက်နံပါတ်ကို ငွေလက်ခံမယ့်သူကလွဲပြီး ဘယ်သူ့ကိုမှမပေးဖို့ သတိပြုစေချင်ပါတယ်။

တကယ်လို့ ငွေလက်ခံမယ့်သူဆီမှာ WavePay အကောင့်ရှိတယ်ဆိုရင်တော့ ငွေလက်ခံမယ့်သူရဲ့ WavePay အကောင့်ဖုန်းနံပါတ်နဲ့ လွှဲမယ့်ငွေပမာဏကို ဆိုင်မှာပြောလိုက်တာနဲ့ ငွေလွှဲနိုင်ပါပြီ။ လွှဲလိုက်တဲ့ငွေက ငွေလက်ခံသူရဲ့ WavePay အကောင့်ထဲကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပါတယ်။ ငွေလက်ခံသူကလည်း အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်မှာ သူ့ရဲ့ WavePay အကောင့်ဖုန်းနံပါတ် ကိုပြောပြီး ငွေထုတ်နိုင်ပါတယ်။  

Leave a comment

Your email address will not be published.