WavePay အကောင့်ထဲက ငွေကို ဘယ်လိုထုတ်ရမလဲ?

WavePay အကောင့်ထဲက ငွေထုတ်ဖို့ဆိုရင် အနီးဆုံး Wave Money ဆိုင်ကို သွားပါ။ WavePay အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ် သို့မဟုတ် WavePay အက်ပလီကေးရှင်းရဲ့ ပင်မစာမျက်နှာမှာရှိတဲ့ “My QR” ကို အေးဂျင့်ကို ပြပြီး scan ဖတ်ခိုင်းပါ။ WavePay App မှာ Notification ရတဲ့အခါ ထို Notification ကိုနှိပ်လိုက်ပါ။  ပြီးရင် မိမိ WavePay အကောင့်ရဲ့ PIN နံပါတ် ၄လုံးကို ရိုက်ထည့်ပေးလိုက်ရင် ငွေထုတ်တာအောင်မြင်သွားပါပြီ။ ဖုန်းမှာလည်း အင်တာနက်ဖွင့်ထားဖို့လိုပါတယ်။

Leave a comment

Your email address will not be published.