ရိုးမဘဏ်SMART အကောင့်ကနေ WavePay အကောင့်ကိုငွေဘယ်လိုလွှဲရမလဲ?

ရိုးမဘဏ် SMART အကောင့်ကနေ WavePay အကောင့်ထဲကို ငွေလွှဲမယ်ဆိုရင်  WavePayအကောင့် နဲ့ ရိုးမဘဏ် SMART အကောင့်တို့ကို ချိတ်ဆက်ထားဖို့လိုပါတယ်။

တကယ်လို့ WavePay အကောင့်နဲ့ ရိုးမဘဏ်SMART အကောင့်တွေကိုချိတ်ဆက်ထားပြီးရင်တော့ –

၁။ အရင်ဆုံး WavePay app ကိုဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ “ငွေသွင်း/ထုတ်”ကိုနှိပ်ပါ။

၂။ “ငွေသွင်း” ကိုနှိပ်ပါ။

၃။ “ဘဏ်အကောင့်” ကိုနှိပ်ပါ။

၄။ “Yoma Bank” ကို နှိပ်ပါ။

၅။ လွှဲလိုတဲ့ ငွေပမာဏကို ရိုက်ထည့်ပြီး “ဆက်လုပ်ပါ” ကို နှိပ်ပါ။

၆။ အတည်ပြုတဲ့ စာမျက်နှာပေါ်လာတဲ့အခါ “ဆက်လုပ်ပါ” ကို နှိပ်ပါ။

၇။ WavePay အကောင့်ရဲ့ PIN နံပါတ် ၄လုံးရိုက်ထည့်ပြီးရင်တော့ ငွေလွှဲလုပ်ငန်းစဉ်ပြီးမြောက်သွားပါပြီ။

ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက “စာရင်း” မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။   တကယ်လို့ WavePay အကောင့်က ရိုးမဘဏ်SMART အကောင့်နဲ့ မချိတ်ရသေးဘူးဆိုရင်လည်း Yoma Mobile Banking အက်ပလီကေးရှင်းကတစ်ဆင့် WavePay အကောင့်ထဲကို ငွေလွှဲလို့လည်းရပါတယ်။

Leave a comment

Your email address will not be published.