Wave Money ဆိုင် ကတစ်ဆင့် ဘယ်သူ့ကိုမဆို ငွေလွှဲလို့ရလား?

Wave Money ဆိုင်ကတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘယ်သူ့ကိုမဆို ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်နဲ့ မှတ်ပုံတင်သိရုံဖြင့် အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်မှာ ငွေလွှဲလို့ရပါတယ်။ ငွေလက်ခံမယ့်သူကို Wave Money က အလိုအလျောက်ပို့ပေးမယ့် လျှို့ဝှက်နံပါတ်ကို ပေးရမှာဖြစ်ပြီး အနီးဆုံးမှာရှိတဲ့ Wave Money

ဆိုင်မှာငွေထုတ်ယူနိုင်မှာဖြစ်ပါတယ်။ လျှို့ဝှက်နံပါတ်ကို ငွေလက်ခံမယ့်သူကလွဲပြီး ဘယ်သူ့ကိုမှမပေးပါနဲ့။ ငွေလက်ခံမယ့်သူက WavePay အကောင့်ရှိရင် Wave Money ဆိုင်မှာ လွှဲလိုတဲ့ ဖုန်းနံပါတ်နဲ့ လွှဲမယ့်ငွေပမာဏကိုပဲ ပြောရမှာ ဖြစ်ပါတယ်။ လွှဲလိုက်တဲ့ငွေက အကောင့်ထဲကို တိုက်ရိုက်ရောက်သွားမှာ ဖြစ်ပြီး အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်မှာ ဖုန်းနံပါတ် ပြောရုံနဲ့ ငွေထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published.