WavePay သုံးပြီး ဘယ်သူ့ကိုမဆို ငွေလွှဲလို့ရလား?

မြန်မာနိုင်ငံတွင်းက ဘယ်သူ့ကိုမဆို WavePay သုံးပြီး ငွေလွှဲလို့ရပါတယ်။ ငွေလက်ခံမယ့်သူမှာ WavePay အကောင့်ရှိရင်တော့ ဖုန်းနံပါတ်သိရုံနဲ့ ငွေလွှဲနိုင်ပြီး လွှဲလိုက်တဲ့ငွေက ငွေလက်ခံမယ့်သူရဲ့ အကောင့်ထဲကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပါတယ်။ ငွေလက်ခံမယ့်သူက WavePay အကောင့်မရှိရင်တော့ ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်၊ နာမည် နဲ့ မှတ်ပုံတင်နံပါတ်တွေကို သိရုံနဲ့ မြန်မာနိုင်ငံထဲက ဘယ်သူ့ကိုမဆို WavePay ကတစ်ဆင့် ငွေလွှဲနိုင်ပါတယ်။ ငွေလွှဲပြီးရင် လျှို့ဝှက်နံပါတ်ကို ငွေလက်ခံမယ့်သူဆီပို့လိုက်တာနဲ့ နီးစပ်ရာ Wave Money ဆိုင်မှာ ငွေထုတ်ယူနိုင်ပါတယ်။ လျှို့ဝှက်နံပါတ်ကို ငွေလက်ခံမယ့်သူကလွဲပြီး ဘယ်သူ့ကိုမှမပေးပါနဲ့။

Leave a comment

Your email address will not be published.