WavePay သုံးပြီး ဟိုတယ်ဘိုကင်ဘယ်လိုတင်ရမလဲ?

WavePay နဲ့ ဟိုတယ် ဘိုကင်တွေတင်တော့မယ်ဆိုရင် WavePay အကောင့်ရှိဖို့လိုပါတယ်နော်။ Wi-Fi သို့မဟုတ် မိုဘိုင်းဒေတာ ရှိဖို့လည်းလိုပါတယ်။

၁။ ပထမဆုံး WavePay app ကို ဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ “လက်မှတ်”ကိုနှိပ်ပါ။

၂။ ဟိုတယ် Booking တင်ဖို့ကတော့ LODGGY နဲ့ Oway ထဲက ကြိုက်နှစ်သက်ရာဝန်ဆောင်မှုကိုရွေးချယ်ပါ။ ဟိုတယ် Booking တင်ပြီးတာအတွက် ငွေပေးချေဖို့ သီးသန့်ဆိုရင် LODGGY ကို ရွေးချယ်နိုင်ပြီး အခုမှ ဟိုတယ် booking စတင်ပြီး ငွေပေးချေဖို့အတွက်ဆိုရင်တော့ Oway ကိုရွေးချယ်နိုင်ပါတယ်။

၃။ Oway နဲ့ ဟိုတယ် booking တင်ဖို့အတွက် Oway ရဲ့ ပင်မစာမျက်နှာမှာရှိတဲ့ “ဟိုတယ်များ” ကိုနှိပ်ပါ။

၄။ မိတ်ဆွေ တည်းခိုမယ့် မြို့၊ နေ့ရက် နဲ့ နိုင်ငံသားကို ရွေးချယ်ပြီး “ရှာရန်” ကိုနှိပ်ပါ။

၅။ စိတ်ကြိုက် ဟိုတယ်ကို တွေ့ပြီဆိုရင် “Select” ကိုနှိပ်ပါ။

၆။ ဟိုတယ်အတွက် လိုအပ်တဲ့ အချက်အလက်တွေဖြည့်ပြီး “Confirm” ကိုနှိပ်ပါ။

၇။ အတည်ပြုတဲ့စာမျက်နှာပေါ်လာတဲ့အခါဖြည့်စွက်ထားတဲ့ အချက်အလက်တွေ မှန်မမှန်ပြန်စစ်ပြီး “Continue” ကိုနှိပ်ပါ။

၈။ Checkout Type ကို ရွေးချယ်ပြီး “Continue” ကိုနှိပ်ပါ။

၉။ Booking တင်ဖို့အတွက် လိုအပ်တဲ့ ကိုယ်ပိုင်အချက်အလက်တွေကို မှန်ကန်စွာဖြည့်ပြီး “Continue” ကိုနှိပ်ပါ။

၁၀။ Payment Type မှာ Mobile Payment ကို ရွေးပြီး “Continue To Pay” ကိုနှိပ်ပါ။

၁၁။ မိတ်ဆွေရဲ့ WavePay အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကိုထည့်ပြိး “Submit” ကိုနှိပ်ပါ။

၁၂။ အတည်ပြုတဲ့စာမျက်နှာပေါ်လာရင် “ဆက်လုပ်ပါ” ကိုနှိပ်ပါ။

၁၃။ မိတ်ဆွေရဲ့ WavePay အကောင့် PINနံပါတ် ၄လုံးကို ထည့်ပြီး “ယခုပေးချေပါ” ကိုနှိပ်ပြီးရင်တော့ ဟိုတယ် booking တင်တာနဲ့ ငွေပေးချေတာ အောင်မြင်သွားပါပြီ။ မိတ်ဆွေရဲ့ ဘိုကင်ကိုတော့ သက်ဆိုင်ရာ ခရီးသွားအေးဂျင့်က အီးမေးလ် က ဖြစ်စေ၊ Viber ကဖြစ်စေ ပို့ပေးသွားမှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published.