WavePay အကောင့်ဘယ်လိုဖွင့်ရမလဲ?

WavePay စသုံးမယ်ဆိုရင် အကောင့်ဖွင့်ဖို့ ကြိုက်နှစ်သက်ရာ SIM Card ကိုအသုံးပြုနိုင်ပါတယ်။ အကောင့်ဖွင့်ဖို့အတွက်အရင်ဆုံး WavePay အက်ပလီကေးရှင်းကို download လုပ်ရပါမယ်။ အကောင့်စဖွင့်မယ်ဆိုရင် –
၁။ WavePay အက်ပလီကေးရှင်း ကိုဖွင့်ပါ။ ဘာသာစကားရွေးချယ်ပြီး “ရှေ့ဆက်မည်” ကိုနှိပ်ပါ။ နောက်စာမျက်နှာပေါ်လာရင် “အကောင့်လုပ်မည်” ကိုနှိပ်ပါ။
၂။ နောက်စာမျက်နှာမှာ ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။
၃။ ယာယီ PIN နံပါတ် ၄ လုံးကို SMS နဲ့ပို့ပေးတဲ့အခါ PIN လေးလုံးကို ရိုက်ထည့်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။
၄။ နောက်စာမျက်နှာမှာ မိတ်ဆွေထားရှိလိုတဲ့ လျှို့ဝှက် PIN နံပါတ် ၄လုံးကိုရိုက်ထည့်ပါ။ ဒီ PIN နံပါတ် ၄ လုံးကို အမြဲမှတ်ထားပြီး ဘယ်သူ့ကိုမှမပြောပြပါနဲ့။ PIN နံပါတ်ရိုက်ပြီးတဲ့အခါ “ဆက်လုပ်ပါ” ကို နှိပ်ပါ။
၅။ မိတ်ဆွေရွေးချယ်ထားတဲ့ PIN နံပါတ် မှန်၊ မမှန် ပြန်စစ်ခိုင်းတဲ့ စာမျက်နှာပေါ်လာပါလိမ့်မယ်။ PIN နံပါတ် မှန်ရင် “ဆက်လုပ်ပါ” ကိုနှိပ်ပါ။
၆။ အကောင့်ကိုစသုံးဖို့ မိတ်ဆွေရွေးထားတဲ့ PIN နံပါတ် ၄ လုံးကို ပြန်ရိုက်ထည့်ပေးရပါမယ်။ ပြီးရင်တော့ “ဝင်မည်” ကိုနှိပ်ပါ။
၇။ နာမည်၊ မွေးနေ့ နဲ့ ကျား၊မ ရွေးပြီးတဲ့အခါ WavePay ဝန်ဆောင်မှုတွေကို စသုံးနိုင်ပါပြီ။ အရေးကြီးတာက မိတ်ဆွေရဲ့မွေးနေ့အမှန်ကို ရိုက်ထည့်ပေးဖို့ပါ။
WavePay အကောင့်ထဲကို ငွေသွင်းမယ်ဆိုရင် အနီးဆုံး Wave Money ဆိုင် နဲ့ ရိုးမဘဏ်SMART အကောင့်၊ KBZ နဲ့ CB Mobile Banking တွေကတစ်ဆင့်ငွေသွင်းနိုင်ပါတယ်။

Leave a comment

Your email address will not be published.