WavePay သုံးပြီး ဖုန်းဘေဘယ်လိုဖြည့်ရမလဲ?

WavePay သုံးပြီး ဖုန်းဘေဖြည့်မယ်ဆိုရင် WavePay အကောင့်ရှိဖို့လိုပါတယ်နော်။ Wi-Fi သို့မဟုတ် မိုဘိုင်းဒေတာ ရှိဖို့လည်းလိုပါတယ်။၁။ အရင်ဆုံး WavePay app ကိုဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ “ဖုန်းငွေဖြည့်” ကိုနှိပ်ပါ။၂။ ငွေဖြည့်လိုတဲ့ဖုန်းနံပါတ်ကို မှန်အောင်ရိုက်ထည့်ပါ။၃။ ငွေဖြည့်ချင်တဲ့ ပမာဏကိုရွေးပေးပါ။၄။ “ဆက်လုပ်ပါ” ကိုနှိပ်ပါ။၅။ မိမိ WavePay အကောင့် PIN နံပါတ် ၄လုံးရိုက်ထည့်ပြီး “ယခုဝယ်ပါ” ကို နှိပ်ပါ။၆။ မိတ်ဆွေရဲ့ ဖုန်းဘေဖြည့်တဲ့လုပ်ဆောင်မှု ပြီးမြောက်ပါပြီ။ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက “စာရင်း” မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

WavePay အကောင့် ကနေ အကောင့်မရှိသူ ကိုဘယ်လိုငွေလွှဲရမလဲ?

WavePay အကောင့် ကနေ WavePay အကောင့်မရှိသူကို ငွေလွှဲမယ်ဆိုရင် ငွေလက်ခံမယ့်သူရဲ့ဖုန်းနံပါတ်၊ နာမည် နဲ့ မှတ်ပုံတင်နံပါတ်တွေကို သိဖို့ လိုအပ်ပါတယ်။ ငွေလွှဲပြီးသွားရင်တော့ ငွေလက်ခံမယ့်သူက နီးစပ်ရာ Wave Money ဆိုင်ကတစ်ဆင့် အခမဲ့ငွေထုတ်နိုင်ပါတယ်။ ငွေလွှဲပုံအဆင့်ဆင့်ကို အောက်မှာ ကြည့်နိုင်ပါတယ်။ ၁။ အရင်ဆုံး WavePay App ကို ဖွင့်ပါ။ ပြီးရင် “ငွေလွှဲ” ကိုရွေးပါ။၂။ ငွေလွှဲမည့်ဖုန်းနံပါတ်ကို ရွေးချယ် သို့မဟုတ် ရိုက်ထည့်ပါ။ မိတ်ဆွေ ငွေလွှဲမယ့်ဖုန်းနံပါတ် မှန်မမှန် ပြန်စစ်ပါ။၃။ လွှဲမည့်ငွေပမာဏ၊ ငွေလက်ခံသူရဲ့ နာမည် နဲ့ မှတ်ပုံတင်နံပါတ်၊ လျှို့ဝှက်နံပါတ် ကိုဖြည့်ပြီး “ဆက်လုပ်ပါ” ကို နှိပ်ပါ။ မိတ်ဆွေလွှဲလိုတဲ့ ငွေပမာဏ နဲ့ ဖြည့်စွက်ထားတဲ့ အချက်အလက်တွေ မှန်မမှန်… Continue reading WavePay အကောင့် ကနေ အကောင့်မရှိသူ ကိုဘယ်လိုငွေလွှဲရမလဲ?

WavePay အကောင့် အချင်းချင်းငွေ ဘယ်လိုလွှဲရမလဲ?

WavePay အကောင့် အချင်းချင်းငွေလွှဲမယ်ဆိုရင် ငွေလက်ခံမယ့်သူရဲ့ WavePay အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို သိဖို့လိုပါတယ်။ ငွေလွှဲပုံအဆင့်ဆင့်ကို အောက်မှာ ကြည့်နိုင်ပါတယ်။ ၁။ အရင်ဆုံး WavePay App ကို ဖွင့်ပါ။ ပြီးရင် “ငွေလွှဲ” ကိုရွေးပါ။ ၂။ ငွေလွှဲမည့်ဖုန်းနံပါတ်ကို ရွေးချယ် သို့မဟုတ် ရိုက်ထည့်ပါ။ မိတ်ဆွေ ငွေလွှဲမယ့်ဖုန်းနံပါတ် မှန်မမှန် ပြန်စစ်ပါ။ ၃။ လွှဲမည့်ငွေပမာဏကိုဖြည့်ပြီး “ဆက်လုပ်ပါ” ကို နှိပ်ပါ။ မိတ်ဆွေလွှဲလိုတဲ့ ငွေပမာဏ မှန်မမှန် ပြန်စစ်ပါ။ ၄။ ငွေလွှဲလုပ်ဆောင်မှုစာမျက်နှာပေါ်လာမှာဖြစ်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။ ၅။ မိမိ WavePay အကောင့် PIN နံပါတ်၄လုံးရိုက်ထည့်ပြီး “ယခုပို့ပါ” ကို နှိပ်ပါ။ ၆။ ငွေလွှဲလုပ်ဆောင်မှု ပြီးမြောက်ပါပြီ။ ပြီးမြောက်သွားတဲ့… Continue reading WavePay အကောင့် အချင်းချင်းငွေ ဘယ်လိုလွှဲရမလဲ?

ခရီးသွားလက်မှတ်တွေကို ဘယ်လိုဝယ်ယူရမလဲ?

WavePay အက်ပလီကေးရှင်း ကတစ်ဆင့် ခရီးသွားလက်မှတ်တွေဝယ်နိုင်ဖို့ MMBusTickets, Oway, Flymya, Elite စတဲ့ ခရီးသွားအေးဂျင့်တွေနဲ့ ချိတ်ဆက်ထားတာကြောင့် ဘက်စ်ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝယ်ယူခြင်းနဲ့ ဟိုတယ်ဘိုကင်တင်ခြင်းတွေကို WavePay အက်ပလီကေးရှင်းနဲ့ပဲ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

WavePay အက်ပလီကေးရှင်း ကို သုံးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေရနိုင်လဲ?

WavePay အက်ပလီကေးရှင်းကို သုံးမယ်ဆိုရင် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ –၁။ မိမိ ကိုယ်တိုင် အကောင့်ဖွင့်နိုင်ခြင်း၂။ အချိန်မရွေး အသုံးပြုနိုင်ခြင်း၃။ WavePay အကောင့်အချင်းချင်း အခမဲ့ငွေလွှဲနိုင်ခြင်း၄။ WavePay ရဲ့ ရိုးရှင်းပြီးလွယ်ကူတဲ့ ငွေကြေးဝန်ဆောင်မှုတွေကို နားလည်နိုင်ခြင်း ၅။ မိမိအကောင့်ထဲတွင် လုပ်ဆောင်ခဲ့သောလုပ်ငန်းစဉ်အခြေအနေကို WavePay appရဲ့ ပင်မစာမျက်နှာမှာရှိတဲ့ “စာရင်း”ကိုနှိပ်ပြီး ပြန်လည်ကြည့်ရှုနိုင်ခြင်း ၆။ မိမိရဲ့ နောက်ဆုံး ၃လအတွင်း ပြီးမြောက်ခဲ့သောလုပ်ငန်းစဉ်စာရင်းများအား ပြန်လည်တောင်းခံနိုင်ခြင်း ၇။ QR Code များကို Scan ဖတ်ပြီး မြန်ဆန်စွာ ငွေပေးချေနိုင်ခြင်း (Metro၊ KFC နဲ့ Auntie Anne’s တို့မှာ ငွေပေးချေနိုင်ပါတယ်။)၈။ WavePay အက်ပလီကေးရှင်းကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ခြင်း၉။ WavePay သုံးပြီး ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း၊… Continue reading WavePay အက်ပလီကေးရှင်း ကို သုံးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေရနိုင်လဲ?

WavePay အကောင့် ကို အချိန်အကြာကြီးမသုံးဘဲထားရင် အကောင့် ဘာဖြစ်သွားနိုင်လဲ?

တကယ်လို့ WavePay အကောင့်ကို ရက်ပေါင်း (၁၈၀) မသုံးဘဲထားရင် မိတ်ဆွေရဲ့အကောင့် လုံခြုံရေးအတွက် အကောင့်ကို ယာယီ ပိတ်လိုက်မှာဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ ယာယီပိတ်ထားတဲ့ အကောင့်ကိုပြန်လည်အသုံးပြုချင်တယ်ဆိုရင် Wave Money Call Center ကို ဆက်သွယ်နိုင်ပါတယ်။ အကောင့်ယာယီပိတ်ထားတဲ့အချိန်မှာ ငွေလွှဲလုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အကောင့်ကို မပိတ်ခင်မှာလည်း Wave Money က အကောင့်ပိတ်မယ့် သတိပေးအကြောင်းကြားစာ SMS ကိုလည်း ရရှိမှာဖြစ်ပါတယ်။

ကိုယ့်ဘဏ်အကောင့်ကနေ WavePay အကောင့်ကို ပိုက်ဆံလွှဲရင် ဘယ်လောက်ကြာလဲ?

ရိုးမဘဏ်SMART အကောင့်နဲ့ချိတ်ဆက်ပြီး ငွေလွှဲတဲ့အခါ Instant Transfer လို့ခေါ်တဲ့ စနစ်လေးကြောင့် ရိုးမဘဏ်SMART အကောင့်ကနေ WavePay အကောင့်ထဲကို ငွေလွှဲရင် ချက်ချင်း ရောက်မှာဖြစ်ပါတယ်။ CB နဲ့ KBZ mobile banking တွေကို အသုံးပြုပြီး မိတ်ဆွေရဲ့ WavePay အကောင့်ထဲကို ငွေသွင်းတဲ့အခါ အလုပ်ချိန် (၄) နာရီအတွင်း ငွေဖြည့်ပေးသွားမှာဖြစ်ပါတယ်။

WavePay အကောင့် ထဲကို ငွေဘယ်လိုသွင်းရမလဲ?

မိမိရဲ့ WavePay အကောင့်ထဲကို နီးစပ်ရာ Wave Money ဆိုင်မှာ အခမဲ့ ငွေသွင်းနိုင်ပါတယ်။ ဒါမှမဟုတ် မိမိရဲ့ ကိုယ်ပိုင် ရိုးမဘဏ်SMART အကောင့်၊ CB နဲ့ KBZ mobile banking တွေကတစ်ဆင့် အခမဲ့ ငွေသွင်းနိုင်ပါတယ်။

WavePay Basic နဲ့ Level 2 ရဲ့ နေ့စဉ်ငွေလွှဲနိုင်တဲ့ ပမာဏကဘယ်လောက်လဲ?

အမျိုးအစား Basic Level 2 ငွေထည့်ထားနိုင်သည့်ပမာဏ ၄၀၀,၀၀၀ ကျပ် ၂,၀၀၀,၀၀၀ ကျပ် နေ့စဉ်ငွေလွှဲနိုင်သည့်ပမာဏ ၁၀၀,၀၀၀ ကျပ် ၁,၀၀၀,၀၀၀ ကျပ် လစဉ်ငွေလွှဲနိုင်သည့်ပမာဏ ၂,၅၀၀,၀၀၀ ကျပ် ၂၅,၀၀၀,၀၀၀ ကျပ်

WavePay Basic နဲ့ Level 2 တို့ရဲ့ ကွာခြားချက်တွေက ဘာလဲ?

WavePay Basic နဲ့ Level 2 တို့ရဲ့မှာ ငွေထည့်ထားနိုင်သည့်ပမာဏ၊ နေ့စဉ်ငွေလွှဲနိုင်တဲ့ပမာဏနဲ့ လစဉ်ငွေလွှဲနိုင်တဲ့ပမာဏတွေ ကွာခြားပါတယ်။ Level 2 အကောင့်အသုံးပြုသူတွေက Basic အကောင့်အသုံးပြုသူတွေထက် အကောင့်ထဲမှာ ငွေပိုပြီး ထည့်ထားနိုင်ပါတယ်။ Level 2 အကောင့်အသုံးပြုသူတွေရဲ့ နေ့စဉ်နဲ့ လစဉ်ငွေလွှဲနိုင်တဲ့ပမာဏကလည်း Basic အသုံးပြုသူတွေထက် ၁၀ဆ ပိုများပါတယ်။