WavePay Level 2 အကောင့်ဖြစ်ဖို့အတွက် ဘယ်လိုလုပ်ရမလဲ? ဘယ်အချက်အလက်တွေလိုအပ်သလဲ?

မိတ်ဆွေရဲ့ လက်ရှိသုံးနေတဲ့ WavePay Basic အကောင့်ကို Level 2 မြှင့်ဖို့အတွက် မှတ်ပုံတင် လိုအပ်ပါတယ်။အခုမှ WavePay စသုံးမယ့်သူဆိုရင် အရင်ဆုံး WavePay အက်ပလီကေးရှင်းကို အခမဲ့ download ရယူပါ။ ပြီးရင် နာမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်၊ မိမိ မွေးနေ့ အမှန်နဲ့ ကျား၊မ ရွေးပေးပြီး အကောင့်ဖွင့်နိုင်ပါပြီ။ ပြီးရင်တော့ မိတ်ဆွေရဲ့ မှတ်ပုံတင်ကို အသုံးပြုပြီး အကောင့်ကို Level 2 မြှင့်နိုင်ပါပြီ။ Android နဲ့ iOS ဖုန်းတွေမှာ Level 2 မြှင့်ဖို့အတွက် အဆင့်ဆင့်ကို အောက်မှာ ကြည့်နိုင်ပါတယ်။ Android ဖုန်းအသုံးပြုသူများ WavePay အကောင့် Level 2 မြှင့်မယ်ဆိုရင် – ၁။… Continue reading WavePay Level 2 အကောင့်ဖြစ်ဖို့အတွက် ဘယ်လိုလုပ်ရမလဲ? ဘယ်အချက်အလက်တွေလိုအပ်သလဲ?

WavePay Basic အကောင့်ဖြစ်ဖို့အတွက် ဘယ်လိုလုပ်ရမလဲ?

WavePay အက်ပလီကေးရှင်းကို အခမဲ့ download လုပ်ပြီး အကောင့်ဖွင့်ရုံနဲ့ WavePay Basic အကောင့်ဖြစ်သွားပါပြီ။ အကောင့်ဖွင့်တဲ့အခါ မိမိရဲ့ နာမည်၊ ဖုန်းနံပါတ်၊ မွေးနေ့ အမှန်ကို ဖြည့်ပေးဖို့ လိုအပ်ပါတယ်။

WavePay အကောင့်ကိုlevel ဘယ်လောက်အထိမြှင့်လို့ရလဲ?

WavePay အကောင့်ကို သာမန်အသုံးပြုတဲ့ မိတ်ဆွေတွေက level 2 အထိ မြှင့်နိုင်မှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းအတွက် ချိတ်ဆက်ချင်တဲ့ မိတ်ဆွေတွေကတော့ Level 3 အထိမြှင့်နိုင်မှာဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းအတွက် Level 3 မြှင့်လိုတဲ့ မိတ်ဆွေတွေက အီးမေးလ် – [email protected]  ကိုဆက်သွယ်နိုင်သလို အပြာရောင် အမှန်ခြစ်ပါတဲ့ Wave Money official Facebook Page Messenger ကိုလည်းဆက်သွယ်နိုင်ပါတယ်။ (၂၄) နာရီဝန်ဆောင်မှုရရှိနိုင်တဲ့ Wave Money Call Center ကို တယ်လီနောအသုံးပြုသူတွေက 900 နဲ့ တခြားအော်ပရေတာအသုံးပြုတဲ့သူတွေကတော့ 09790009000 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ တယ်လီနော နံပါတ်နဲ့ ခေါ်ဆိုရင်တော့ ဖုန်းခေါ်ဆိုခ အခမဲ့ဖြစ်ပါတယ်။

WavePay အကောင့် ဆိုတာဘာလဲ?

WavePay အကောင့် ဆိုတာ Wave Money ရဲ့မိုဘိုင်းပိုက်ဆံအိတ် WavePay ကို အသုံးပြုဖို့အတွက် ဖွင့်ထားရတဲ့ အကောင့်ဖြစ်ပါတယ်။ WavePay အကောင့်ရှိရုံနဲ့ ငွေလွှဲခြင်း၊ ငွေပေးချေခြင်း၊ ဘေဆောင်ခြင်း၊ ဖုန်းဘေဖြည့်ခြင်း၊ ချေးငွေပေးချေခြင်းနဲ့ အခြားငွေကြေးဝန်ဆောင်မှုတွေကို လုပ်နိုင်ပါတယ်။