တကယ်လို့ WavePay အကောင့်ဖွင့်ထားတဲ့ ဖုန်းဆင်းမ်ကတ်က ပျောက်ဆုံး (သို့မဟုတ်) ပျက်စီးသွားခဲ့ရင် သုံးစွဲသူအနေနဲ့ ဘာလုပ်ရမလဲ?

WavePay အကောင့်ဖွင့်ထားတဲ့ ဖုန်းဆင်းကတ် ပျောက်ဆုံး (သို့မဟုတ်) ပျက်စီးသွားတဲ့အခါ ထိုဆင်းမ်ကတ်နံပါတ်နဲ့တူညီတဲ့ ဆင်းမ်အသစ်ကို သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာမှာ ပြန်လျှောက်ထားနိုင်ပြီး ဆင်းမ်ကတ်အသစ်ရတဲ့အခါ ရှိပြီးသား WavePay အကောင့်ကို ပြန်လည်ဝင်ရောက်နိုင်ပါတယ်။ ဆင်းမ်ကတ်အသစ်လျှောက်ထားဆဲကာလမှာတော့ မိတ်ဆွေရဲ့ WavePay အကောင့်ကို လုံခြုံရေးအရ ယာယီပိတ်ထားပေးမှာဖြစ်ပါတယ်။ ဆင်းမ်ကတ်အသစ်ရပြီးရင်တော့

မိတ်ဆွေရဲ့ WavePay အကောင့်ပြန်လည်အသုံးပြုဖို့အတွက် ၂၄နာရီဝန်ဆောင်မှုပေးနေတဲ့ Wave Money Call Center ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ အကယ်၍ ပျောက်ဆုံး (သို့မဟုတ်) ပျက်စီးသွားတဲ့ ဖုန်းဆင်းမ်ကတ်နဲ့ နံပါတ်တူ ဆင်းမ်ကတ်အသစ်ကို သက်ဆိုင်ရာမိုဘိုင်းအော်ပရေတာမှာ ပြန်လည်လျှောက်ထားဖို့အဆင်မပြေခဲ့ရင် WavePay အကောင့်ဟောင်းထဲက လက်ကျန်ငွေတွေကို ပြန်လည်ပြောင်းထည့်ပေးဖို့အတွက် WavePay အကောင့်အသစ်ဖွင့်ထားရမှာဖြစ်ပါတယ်။ အသစ်ဖွင့်လိုက်တဲ့ အကောင့်ကလည်း Level 2 ဖြစ်နေဖို့လိုအပ်ပါတယ်။ WavePay အကောင့်အသစ်ကို Level 2 မြှင့်ပြီးရင်တော့ အကောင့်ဟောင်း ကိုပိတ်ပြီး အကောင့်အသစ်မှာ လက်ကျန်ငွေတွေလွှဲပြောင်းပေးဖို့အတွက် Wave Money Call Center ကိုဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ တယ်လီနောဖုန်းသုံးတဲ့သူတွေက 900 ကိုခေါ်ဆိုနိုင်ပြီး တခြားအော်ပရေတာသုံးတဲ့သူတွေကတော့ 09790009000 ကိုခေါ်ဆိုနိုင်ပါတယ်။ တယ်လီနော နံပါတ်နဲ့ ခေါ်ဆိုရင်တော့ ဖုန်းခေါ်ဆိုခ အခမဲ့ပါ။ အပြာရောင် အမှန်ခြစ်လေးပါတဲ့ Wave Money official Facebook page ရဲ့ Messenger ကိုလည်း ဆက်သွယ်ပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်။

Leave a comment

Your email address will not be published.