WavePay သုံးပြီး ချေးငွေဘယ်လိုပေးချေရမလဲ?

WavePay သုံးပြီးချေးငွေပေးချေမယ်ဆိုရင်တော့ WavePay အကောင့်ရှိဖို့လိုပါတယ်နော်။ Wi-Fi သို့မဟုတ် မိုဘိုင်းဒေတာ ရှိဖို့လည်းလိုပါတယ်။

၁။ အရင်ဆုံး WavePay app ကိုဖွင့်ပါ။ ပင်မစာမျက်နှာမှာ ရှိတဲ့ “ချေးငွေ” ကိုနှိပ်ပါ။

၂။ မိတ်ဆွေပေးလိုတဲ့ ချေးငွေဝန်ဆောင်မှုကိုနှိပ်ပါ။

၃။ လိုအပ်တဲ့ အချက်အလက်တွေကိုဖြည့်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။

၄။ အတည်ပြုဖို့စာမျက်နှာပေါ်လာတဲ့အခါ “ဆက်လုပ်ပါ” ကိုနှိပ်ပါ။

၅။ မိတ်ဆွေရဲ့ WavePay PIN ၄ လုံးကို ရိုက်ပြီးရင်တော့ “ယခုပေးချေပါ” ကိုနှိပ်ပါ။

၆။ ချေးငွေပေးချေတဲ့ လုပ်ငန်းစဉ် အောင်မြင်ပါပြီ။ ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက “စာရင်း” မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

Leave a comment

Your email address will not be published.