WavePay သုံးပြီး ဘေကို ဘယ်လိုပေးဆောင်ရမလဲ?

WavePay သုံးပြီး ဘေပေးဆောင်မယ်ဆိုရင်တော့WavePay အကောင့်ရှိဖို့လိုပါတယ်နော်။ Wi-Fi သို့မဟုတ် မိုဘိုင်းဒေတာ ရှိဖို့လည်းလိုပါတယ်။

၁။ ပထမဆုံးWavePay app ကို ဖွင့်ပါ။ ပင်မစာမျက်နှာရှိတဲ့ “အခြား” ကိုနှိပ်ပါ။

၂။ ဘေပေးဆောင်လိုတဲ့ဝန်ဆောင်မှုကိုရှာပါ။

၃။ နောက်ပြီး ပေးချေလိုသည့်ဝန်ဆောင်မှုကို ရွေးပြီး လိုအပ်တဲ့ အချက်အလက်များကို မှန်ကန်စွာဖြည့်ပါ။

၄။ ဘေပေးဆောင်တာဆက်လက်လုပ်ဆောင်နိုင်ဖို့ “ဆက်လုပ်ပါ” ကို နှိပ်ပါ။

၅။ မိတ်ဆွေရဲ့ WavePay PIN နံပါတ် ၄ လုံးကို ရိုက်ထည့်ပြီး “ယခုပေးချေပါ” ကိုနှိပ်ပါ။

၆။ မိတ်ဆွေရဲ့ ဘေပေးဆောင်မှု အောင်မြင်ပါပြီ။ ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက “စာရင်း” မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

Leave a comment

Your email address will not be published.