WavePay သုံးပြီး ဘတ်စ်ကားလက်မှတ်ဘယ်လိုဝယ်ရမလဲ?

WavePay နဲ့ ဘတ်စ်ကားလက်မှတ်ဝယ်မယ်ဆိုရင် WavePay အကောင့်ရှိဖို့လိုပါတယ်နော်။ Wi-Fi သို့မဟုတ် မိုဘိုင်းဒေတာ ရှိဖို့လည်းလိုပါတယ်။
၁။ ပထမဆုံး WavePay app ကို ဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ “လက်မှတ်” ကိုနှိပ်ပါ။
၂။ MMBusTicket, Elite Express နဲ့ Oway စတာတွေထဲက ကြိုက်နှစ်သက်ရာ လက်မှတ်ဝန်ဆောင်မှုကိုရွေးချယ်ပါ။
၃။ မိတ်ဆွေတို့ ခရီးသွားလိုတဲ့ နေရာ နဲ့ နေ့ရက်တွေကို ရွေးချယ်ပါ။
၄။ မိတ်ဆွေရဲ့ နာမည်၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် နဲ့ လိုအပ်တဲ့ အချက်အလက်တွေ ကိုပြည့်စုံအောင်ဖြည့်ပြီး “Proceed to WavePay”ကို နှိပ်ပါ။
၅။ ခရီးစဉ်အချက်အလက်ကို သေချာပြန်စစ်ပြီး အတည်ပြုပါ။
၆။ WavePay ကတစ်ဆင့် ဝယ်ယူဖို့ “Continue” ကို နှိပ်ပါ။ မိတ်ဆွေရဲ့ WavePay PIN နံပါတ် ၄ လုံးကို ရိုက်ပြီးရင်တော့ လက်မှတ်ဝယ်ယူတာအောင်မြင်ပါပြီ။

မိတ်ဆွေရဲ့ လက်မှတ်ကိုတော့ သက်ဆိုင်ရာ ခရီးသွားအေးဂျင့်က အီးမေးလ် က ဖြစ်စေ၊ Viber ကဖြစ်စေ ပို့ပေးသွားမှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published.