WavePay အကောင့်ကနေ ရိုးမဘဏ်SMART အကောင့်ကိုဘယ်လိုငွေလွှဲရမလဲ?

WavePay အကောင့်ထဲကနေ ရိုးမဘဏ် SMART အကောင့် ကို ငွေလွှဲမယ်ဆိုရင် WavePayအကောင့် နဲ့ ရိုးမဘဏ် SMART အကောင့်တို့ကို ချိတ်ဆက်ထားဖို့လိုပါတယ်။

တကယ်လို့ WavePay အကောင့်နဲ့ ရိုးမဘဏ်SMART အကောင့်တွေကိုချိတ်ဆက်ထားပြီးရင်တော့

၁။ အရင်ဆုံး WavePay app ကိုဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ “ငွေသွင်း/ထုတ်”ကိုနှိပ်ပါ။

၂။ “ငွေထုတ်” ကိုနှိပ်ပါ။

၃။ “ဘဏ်အကောင့်” ကိုနှိပ်ပါ။

၄။ “Yoma Bank” ကို နှိပ်ပါ။

၅။ လွှဲလိုတဲ့ ငွေပမာဏကို ရိုက်ထည့်ပြီး “ဆက်လုပ်ပါ” ကို နှိပ်ပါ။

၆။ အတည်ပြုတဲ့ စာမျက်နှာပေါ်လာတဲ့အခါ “ဆက်လုပ်ပါ” ကို နှိပ်ပါ။

၇။ WavePay အကောင့်ရဲ့ PIN နံပါတ် ၄လုံးရိုက်ထည့်ပြီးရင်တော့ ငွေလွှဲလုပ်ငန်းစဉ်ပြီးမြောက်သွားပါပြီ။

ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက “စာရင်း” မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

WavePay အကောင့်ထဲကငွေကို ရိုးမဘဏ် SMART အကောင့်ထဲ လွှဲပြီးသွားပြီဖြစ်လို့ နီးစပ်ရာ ရိုးမဘဏ် ATM နဲ့ အခြား ဘဏ်များရဲ့ ATM တွေမှာ ရိုးမဘဏ် SMART ကတ် သုံးပြီး ငွေသား ထုတ်ယူနိုင်ပါပြီ။ တကယ်လို့ မိတ်ဆွေရဲ့ WavePay အကောင့်က ရိုးမဘဏ်SMART အကောင့်နဲ့ မချိတ်ထားဘူးဆိုရင် ဒီဝန်ဆောင်မှုကိုတော့ သုံးလို့ရမှာမဟုတ်ပါဘူး။

Leave a comment

Your email address will not be published.