WavePay သုံးပြီး အလှူဒါနတွေဘယ်လိုလုပ်ရမလဲ?

WavePay သုံးပြီး အလှူဒါနတွေလုပ်မယ်ဆိုရင် WavePay အကောင့်ရှိဖို့လိုပါတယ်နော်။ Wi-Fi သို့မဟုတ် မိုဘိုင်းဒေတာ ရှိဖို့လည်းလိုပါတယ်။

၁။ ပထမဆုံးWavePay app ကို ဖွင့်ပါ။ ပင်မစာမျက်နှာရှိတဲ့ “အခြား” ကိုနှိပ်ပါ။

၂။ လှူဒါန်းလိုတဲ့အဖွဲ့အစည်းကို ရှာပြီး ရွေးချယ်ပါ။

၃။ လိုအပ်တဲ့အချက်အလက်တွေဖြည့်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။

၄။ အတည်ပြုတဲ့စာမျက်နှာပေါ်လာတဲ့အခါ “ဆက်လုပ်ပါ” ကိုနှိပ်ပါ။

၅။ မိတ်ဆွေရဲ့ WavePay PIN ၄လုံးကိုရိုက်ပြီးရင် “ယခုပေးချေပါ” ကိုနှိပ်ပါ။

၆။ လှူဒါန်းမှုအောင်မြင်သွားပါပြီ။ WavePay ကတစ်ဆင့် ဓမ္မရောင်ခြည်၊ နှင်းဆီကုန်း၊ M2030၊ နာရေးကူညီမှုအသင်း (FFSS)၊ ဖောင်တော်ဦး၊ သာသနာ့ပျိုးဥယျာဉ်၊ ခုခံအားကျဆင်းမှု ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေး ဂေဟာ (NAC) နဲ့ Yangon Canine Foundation စတဲ့အကျိုးပြုအဖွဲ့အစည်းတွေကို ရွေးချယ်ပြီး လှူဒါန်းနိုင်ပါတယ်။

Leave a comment

Your email address will not be published.