Wave Money နဲ့ WavePay တို့ရဲ့အဓိက ကွာခြားချက်က ဘာလဲ?

Wave Money ဆိုတာက အကောင့်ဖွင့်ဖို့မလိုဘဲ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်ရှိရုံဖြင့် Wave Money ဆိုင်တွေကတစ်ဆင့် ငွေလွှဲ၊ ငွေထုတ် နဲ့ ချေးငွေပြန်သွင်းတာတွေကို လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ WavePay ဆိုတာက Wave Money ရဲ့ မိုဘိုင်းပိုက်ဆံအိတ်ဖြစ်ပါတယ်။ မိတ်‌ဆွေရဲ့ မိုဘိုင်းဖုန်းမှာ WavePay အကောင့်ဖွင့်ထားဖို့ လိုအပ်ပြီး အင်တာနက်ရှိရုံနဲ့ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း နဲ့ ဖုန်းငွေဖြည့်ခြင်း အစရှိတဲ့ ငွေကြေး၀န်ဆောင်မှုတွေကို ပြုလုပ်နိုင်ပါတယ်။

Wave Money ဆိုတာဘာလဲ?

Wave Money ဆိုတာ မိုဘိုင်းဖုန်းနံပါတ်နဲ့ မှတ်ပုံတင်ရှိရုံဖြင့် မြန်မာနိုင်ငံတစ်၀န်းမှာရှိတဲ့ Wave Money ဆိုင်ပေါင်း ၆၅,၀၀၀ ကျော် ကတစ်ဆင့် အလွယ်တကူ အချိန်မရွေး ငွေလွှဲ၊ ငွေထုတ် ပြုလုပ်နိုင်တဲ့ ငွေကြေး၀န်ဆောင်မှုဖြစ်ပါတယ်။ Wave Money ဆိုင်တွေကနေ ငွေလွှဲ၊ ငွေထုတ်တွေအပြင် ချေးငွေပေးချေခြင်း နဲ့ဘေလ်ဆောင်ခြင်းများလည်းပြုလုပ်နိုင်ပါတယ်။

ငွေလွှဲခ နှုန်းထားတွေကို ဘယ်လိုစစ်ရမလဲ?

ငွေလွှဲခ ပမာဏကို အက်ပလီကေးရှင်းထဲမှာရှိတဲ့ “ဝန်ဆောင်ခ” မှာ တွက်ချက်နိုင်ပါတယ်။ Wave Money ရဲ့ official website https://wavemoney.com.mm/wavemoney မှာလည်း ကြည့်ရှုနိုင်ပါတယ်။

WavePay အကောင့်ထဲက ငွေကို ဘယ်လိုထုတ်ရမလဲ?

WavePay အကောင့်ထဲက ငွေထုတ်ဖို့ဆိုရင် အနီးဆုံး Wave Money ဆိုင်ကို သွားပါ။ WavePay အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ် သို့မဟုတ် WavePay အက်ပလီကေးရှင်းရဲ့ ပင်မစာမျက်နှာမှာရှိတဲ့ “My QR” ကို အေးဂျင့်ကို ပြပြီး scan ဖတ်ခိုင်းပါ။ WavePay App မှာ Notification ရတဲ့အခါ ထို Notification ကိုနှိပ်လိုက်ပါ။  ပြီးရင် မိမိ WavePay အကောင့်ရဲ့ PIN နံပါတ် ၄လုံးကို ရိုက်ထည့်ပေးလိုက်ရင် ငွေထုတ်တာအောင်မြင်သွားပါပြီ။ ဖုန်းမှာလည်း အင်တာနက်ဖွင့်ထားဖို့လိုပါတယ်။

Wave Money ဆိုင်ကတစ်ဆင့် ငွေလွှဲပြီးမှ လျှို့ဝှက်နံပါတ် ၆လုံးနဲ့ လုပ်ငန်းစဉ်နံပါတ်ပါတဲ့ မက်ဆေ့ချ်ကို ဖျက်မိသွားရင် ဘာလုပ်ရမလဲ?

Wave Money ဆိုင်ကတစ်ဆင့် ငွေလွှဲပြီးမှ လျှို့ဝှက်နံပါတ် ၆လုံးပါတဲ့ မက်ဆေ့ချ်ကို ဖျက်မိသွားခဲ့ရင် ငွေလွှဲသူက ငွေလွှဲလိုက်တဲ့ Wave Money ဆိုင်မှာပဲ လျှို့ဝှက်နံပါတ်အသစ်ကို ပြောင်းပေးဖို့ တောင်းဆိုနိုင်ပါတယ်။ ၂၄နာရီ ဝန်ဆောင်မှုပေးနေတဲ့ Wave Money Call Center ကို တယ်လီနောအသုံးပြုသူတွေက 900 နဲ့ အခြားအော်ပရေတာအသုံးပြုသူတွေက 09790009000 ကို ဆက်သွယ်ပြီး  လျှို့ဝှက်နံပါတ်အသစ်ပါတဲ့ မက်ဆေ့ချ်ကို ပြန်ပို့ပေးဖို့ အကူအညိတောင်းနိုင်ပါတယ်။ အပြာရောင်အမှန်ခြစ်ပါတဲ့ Wave Money Facebook Messenger မှာလည်း မေးမြန်းနိုင်ပါတယ်။ လျှို့ဝှက်နံပါတ်အသစ်ကိုတော့ ငွေလွှဲတဲ့သူကပဲ ပြန်လည်တောင်းခံနိုင်မှာဖြစ်ပါတယ်။

ငွေလက်ခံရရှိပြီးပေမယ့် ချက်ချင်းမထုတ်ဖြစ်တဲ့အခါ ရှိပြီးသား လုပ်ငန်းစဉ်နံပါတ်နဲ့ လျှို့ဝှက်နံပါတ်ကိုပဲ ပြန်သုံးပြီးငွေထုတ်လို့ရနိုင်သေးလား?

ရပါတယ်။ တကယ်လို့ ချက်ချင်းငွေမထုတ်ဖြစ်ခဲ့ရင် ငွေလက်ခံပြီးတဲ့ ၂၁ရက်အတွင်း ရှိပြီးသား လုပ်ငန်းစဉ်နံပါတ်နဲ့ လျှို့ဝှက်နံပါတ်ကိုသုံးပြီး လွှဲငွေကိုထုတ်နိုင်ပါတယ်။

Wave Money ဆိုင်ကတစ်ဆင့် WavePay အကောင့်မရှိတဲ့သူဆီ ငွေလွှဲရင် ဘယ်လောက်ကြာလဲ?

Wave Money ဆိုင်ကတစ်ဆင့် WavePay အကောင့်မရှိတဲ့သူဆီ ငွေလွှဲရင်  ချက်ချင်းရောက်ပါတယ်။ ငွေလွှဲပြီးတာနဲ့ တစ်ပြိုင်နက် ငွေလက်ခံတဲ့သူက လုပ်ငန်းစဉ်နံပါတ်ပါတဲ့  SMS ကို ရမှာဖြစ်ပါတယ်။ ငွေလက်ခံတဲ့သူက လွှဲငွေကို ၂၁ရက်အတွင်း ကြိုက်တဲ့ အနီးဆုံးက Wave Money ဆိုင်မှာ ငွေလွှဲတဲ့သူပေးတဲ့ လျှို့ဝှက်နံပါတ် ၆လုံး၊ လုပ်ငန်းစဉ်နံပါတ်ပါတဲ့  SMS နဲ့ မှတ်ပုံတင်ကိုပြပြီး ငွေထုတ်နိုင်မှာဖြစ်ပါတယ်။

Wave Money ဆိုင်တွေမှာ ငွေဘယ်လိုလွှဲရမလဲ?

အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်ကတစ်ဆင့်ငွေလွှဲမယ်ဆိုရင် သင့်မှတ်ပုံတင်ကိုပြပြီး ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ် နဲ့ မှတ်ပုံတင်နံပါတ်ကိုပြောပြပါ။ ငွေလွှဲပြီးရင် လျှို့ဝှက်နံပါတ် ၆ လုံးပါတြ့ မက်ဆေ့ချ်ကို အလိုအလျောက်ရမှာဖြစ်ပါတယ်။ နောက်ပြီး ငွေလက်ခံမယ့်သူကိုသာ လျှို့ဝှက်နံပါတ် ကိုပြောပြပါ။ ငွေလက်ခံမယ့်သူက အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်မှာ လုပ်ငန်းစဉ်နံပါတ်ပါတဲ့ SMS နဲ့မှတ်ပုံတင်ကိုပြပြီး လျှို့ဝှက်နံပါတ်ကိုကိုယ်တိုင်ရိုက်ထည့်ကာ ငွေထုတ်နိုင်ပါတယ်။ လျှို့ဝှက်နံပါတ်ကို ငွေလက်ခံမယ့်သူကလွဲပြီး ဘယ်သူ့ကိုမှမပေးဖို့ သတိပြုစေချင်ပါတယ်။ တကယ်လို့ ငွေလက်ခံမယ့်သူဆီမှာ WavePay အကောင့်ရှိတယ်ဆိုရင်တော့ ငွေလက်ခံမယ့်သူရဲ့ WavePay အကောင့်ဖုန်းနံပါတ်နဲ့ လွှဲမယ့်ငွေပမာဏကို ဆိုင်မှာပြောလိုက်တာနဲ့ ငွေလွှဲနိုင်ပါပြီ။ လွှဲလိုက်တဲ့ငွေက ငွေလက်ခံသူရဲ့ WavePay အကောင့်ထဲကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပါတယ်။ ငွေလက်ခံသူကလည်း အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်မှာ သူ့ရဲ့ WavePay… Continue reading Wave Money ဆိုင်တွေမှာ ငွေဘယ်လိုလွှဲရမလဲ?